Part-2

1.8K 165 3
                                    

စစ်​ပွဲမဖြစ်​မီရက်​သတ္တပတ်​အလိုက ရှူးမင်​၏နိင်​ငံဖြစ်​​သော ကျိုးနိင်​ငံတွင်---------
'​တောက်​ ရိုင်းလှ​ချည်​လား နှစ်​​ပေါင်းများစွာခင်​မင်​လာတဲ့
သံ​ယောဇဉ်​ကိုမှမ​ထောက်​ ဒီစစ်​ဘုရင်ဟာ ​နောက်​ဆုံး​တော့ ငါ့ကိုသစ္စာ​ဖောက်​သွားခဲ့ပြီ
ငါတို့နှစ်​ဦး သ​ဘောတူညီစွာ သတ်​မှတ်​ထားတဲ့
မဟာမိတ်​နယ်​​မြေ​တစ်​ဝက်​ကိုလည်း ဒင်းကအပိုင်​စီးလိုက်​ပြီ'
ရှူးမင်​မင်းသမီးသည်​ ခတ္တမျှ​တွေ​ဝေစွာ စဉ်းစားပြီး​နောက်
'ခမည်း​တော်​ ချန်​နိင်​ငံရဲ့စစ်​ဘုရင်​နဲ့ ခမည်း​တော်
ကနှစ်​​ပေါင်းများစွာခင်​မင်​လာတာ
ဒီ​သေးငယ်​တဲ့မဟာမိတ်​နယ်​​မြေ​လေးအတွက်​နဲ့
ခမည်း​တော်​ကို သူကသစ္စာ​ဖောက်​ပါ့မလား'
'မဟုတ်​ဘူးသမီး​တော်​ သူကစစ်​ပွဲ​တွေ​တော်​​တော်​များများကို ​နည်းပရိယာယ်​ကြွယ်​ဝစွာနဲ့ ​အောင်​နိင်​ခဲ့လို့ စစ်​ဘုရင်​ဆိုတဲ့ ဂုဏ်​ထူးကိုရထားတာ
ခမည်း​တော်​နဲ့မိတ်​​ဆွေ​တွေ နှစ်​​ပေါင်းများစွာ ဖြစ်​ခဲ့​ပေမယ့်​ခမည်း​တော်​ရဲ့တိုင်းပြည်​ကိုပါ သူမျက်​စိ
ကျ​နေတယ်​ဆိုတာ ဒီသစ္စာ​ဖောက်​မှုကသက်​​သေပြ
နေတာပဲ အမှန်​​တော့ စစ်​ပွဲမဖြစ်​ဖြစ်​​အောင်​ လှုံ့​ဆော်​တာ​ပေါ့'
ထိုအချိန်​တွင်​ စစ်​သည်​​တော်​ တစ်​​ယောက်​သည်
စာချွန်​လွှာတစ်​​စောင်​ကို ကိုင်​​ဆောင်​လျက်​ နန်း​တော်​တွင်းသို့ ဝင်​​ရောက်​လာ​လေသည်
ကျိုးဘုရင်​သည်​ စာချွန်​လွှာကို ဖ​တ်​ရှုပြီး​နောက်
အမျက်​​ချောင်း​ချောင်းထွက်​သွား​လေသည်
'ဒင်းက​နောက်​ဆုံး​တော့ငါ့ကို ကိုတစ်​​ယောက်​ချင်းစီးချင်းထိုးဖို့ စိန်​​ခေါ်​နေပြီ​ပေါ့'
ရှူးမင်​သည်​ စာချွန်​လွှာအား ဖတ်​ရှူလိုက်​​သောအခါ
စီးချင်းတိုက်​ပွဲတွင်​ စစ်​ဘုရင်​နိင်​ပါက ကျန်​​သောမဟာမိတ်​နယ်​​မြေတစ်​ဝက်​ကို၎င်းထံ
ံသို့ကြည်​ကြည်​ဖြူဖြူ ​ပေးအပ်​ရမည်​ဖြစ်​​ကြောင်းနှင့်
ခမည်း​တော်​နိင်​ပါက စစ်​ဘုရင်​အား​သတ်​ခွင့်​ရှိ​ကြောင်း ​ရေးသားထားသည်​ကို ​​တွေ့ရ​လေသည်
'ခမည်း​တော်​ ဒီစာဟာလုပ်​ကြံထားတယ်​ဆိုတာ
သိသာလွန်းပါတယ်​ ဘယ်​ဘုရင်​မှသူ့အသက်​ကို
အဆုံးခံပြီး စီးချင်းတိုက်​ပွဲ မလုပ်​ပါဘူး'
သို့​သော်​ခမည်း​တော်​သည်​​ခေါင်းမာစွာဖြင့်​ စစ်​​မြေပြင်​ရှိရာသို့ ထွက်​ခွာသွားခဲ့သည်
တဖက်​နိင်​ငံဖြစ်​​သော ချန်​​နိင်​ငံတွင်​ကား
အိမ်​​ရှေ့စံမင်းသား လုဟန်​သည်​ သူ၏ပါးနပ်
သောအကြံအစည်​အား ကျိုးနိင်​ငံဘုရင်​မှကြည်​ဖြူစွာသ​ဘောတူသည့်
အတွက်​ ​အောင်​နိင်​သူအပြုံးပြုံး​နေ​လေသည်
ထိုအကြံအစည်​မှာကား တခြားမဟုတ်
မိမိနှင့်​လက်​ဆက်​ရမည့်​ မင်းသမီး၏အရည်​အချင်း
အားစမ်းသပ်​လိုသည့်​အတွက်​ စစ်​ပွဲအတုဖန်​တီးပြီး
ဇာတ်​လမ်းဆင်​ခြင်းဖြစ်​​ပေသည်
မကြာမီပင်​စစ်​သည်​တစ်​​ယောက်​အား မင်းသမီးထံသို့ သူမ၏ဖခင်​​သေဆုံး​ကြောင်း သတင်းပို့ခိုင်းလိုက်​သည်
ပြိုလဲသွား​သောတိုင်းပြည်​အား သူမမည်​သို့ပြန်​ထူ
ထောင်​မည်​ကို လုံးဝစိတ်​ဝင်​စား​နေမိသည်
သူ၏​ရှေ့တွင်​ကား ကျိုးနိင်​ငံဘုရင်​နှင့်​မိမိ၏ခမည်း​တော်​တို့သည်​ ​သေရည်​ခွက်​များ​မြှောက်​လျက်​ ခမည်းခမက်​ဖြစ်​​ရေးကိုရည်​ရွယ်​၍ ခွက်​ချင်းတိုက်​​လိုက်​​လေသည်
လုဟန်​သည်​ တစ်​​ယောက်​တည်း​သော
မိန်းက​လေးအား ​စောင့်​ကြည့်​လာခဲ့သည်​မှာ၁၀နှစ်​​ပင်​ပြည့်​​တော့မည်
လုဟန်​သည်​ ရှူးမင်​အား ငယ်စဉ်က​​​လေးဘဝက ကျိုးနိင်​ငံနှင့်​ချန်​နိင်​ငံ မဟာမိတ်​အဖြစ်​ပူး​ပေါင်းသည့်​ အခမ်းအနားတွင်​ ​တွေ့ဆုံပြီး များစွာနှစ်​သက်​သ​ဘောကျခဲ့သည်​။
ရှူးမင်​သည်​ မိမိအား သတိပင်​မထားမိခဲ့ဘဲ
လွတ်​လပ်​​ပျော်​ရွှင်​စွာ ​ဆော့ကစား​နေ​ခဲ့သည်​။
မင်းသမီး၏ဖြူစင်​လှပမှုသည်​ လုဟန်​၏ရင်​ထဲတွင်
ခိုင်​မာစွာကိန်း​အောင်း​သွားခဲ့သည်​။
ဖခင်​၏​သွေးအပြည့်​ပါ​သော လုဟန်​သည်​ မိမိလိုချင်​​သောအရာကို မရရ​အောင်​အားထုတ်​တတ်​​သော အဆိပ်​ပြင်းသည့်
မင်းသားတစ်​ပါးဖြစ်​သည်​။ မင်းသမီးအားအချိန်​ကြာစွာစူးစိုက်​ကြည့်​​နေ​သော
မျက်​လုံးများတွင်​ ထိုအဆိပ်​များသည်​ တစ်​စတစ်​စ
ကြီးထွားလာ​နေသည်​ကို မသိခဲ့​သော ကြာပန်း​လေးလို ဖြူစင်​​သော ရှူးမင်​သည်​ ယခုမိမိအနားသို့ ​ရောက်​ရှိလာရ​တော့မည်​။
လုဟန်​၏ရင်​ထဲတွင်​ ဆယ်​နှစ်​ကြာမျှ ကိန်း​အောင်းခဲ့​သော ပြင်းထန်​​သော ရမ္မက်​သည်
ဆယ်​နှစ်​ကြာ အဖူးငုံ​နေရာမှ တဖြည်းဖြည်းပွင့်​အာလာပြီ ဖြစ်​၏။ လုဟန်​သည်
ထိုမိန်းက​လေးအတွက်​ တခြား​သောနိင်​ငံများမှ
ကမ်းလှမ်း​သော မင်းသမီး​ပေါင်း အ​ယောက်​တစ်​ရာ
ကျော်​ကိုငြင်းဆိုခဲ့သည်​။ ထိုမိန်းက​လေး၏ ဖြူစင်​မှူနှင့်​သီလ လုံခြုံမှုသည်​ ​ကျော်​ကြားလွန်း​သော​ကြောင့်
မင်းသားများ၏ကမ်းလှမ်းမှုသည်​ တစ်​စတစ်​စ
တိုးပွားလာသည်​ကိုလည်း စိုးရိမ်​ပူပန်​၍ ည​ပေါင်းများစွာ အိပ်​မ​ပျော်​ခဲ့​ပေ။ သို့​သော်​ မိမိ၏
မိန်းက​လေးဖြစ်​ရမည့်​ကံပါ​လာ​သော ကြာပန်းက​လေး
သည်​ထိုမင်းသားများအား ပါးနပ်​စွာငြင်းဆိုခဲ့​လေသည်​။
ထိုလှပဖြူစင်​လွန်း​သော မင်းသမီး​လေးအား လွယ်​ကူ
စွာ မသိမ်းပိုက်​ချင်​​ပေ။ မိမိအား ချစ်​ခင်​နှစ်​သက်​လာ
အောင်​ ဦးညွတ်​လာ​အောင်​ ပြုလုပ်​ရ​ပေမည်​။
ထိုအကြံအစည်​နှင့်​အတူ မင်းသမီး၏အရည်​အချင်းအား စမ်းသပ်​လို​သော​ကြောင့် ကြာပန်း​လေး နာကျင်​​စေ
မည့်​ ဇာတ်​လမ်းအား မိမိဖန်တီး​လိုက်​ရ​လေသည်​။

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now