သမင်မင်းသား၏ရွှေကြာပန်းPart-9

1.2K 138 18
                                        

နှင်းပွင့်များသည် ချန်နန်းတော်တွင်းရှိ အဆောက်အအုံများ နန်းတော်ရာလမ်းများ နှင့်
ရေကန်များပါမကျန် ဖုံးလွှမ်းထားသော နံနက်ခင်း
တစ်ခုဖြစ်လေသည်။ နန်းတော်ဝင်းအတွင်းတွင်
တည်ဆောက်ထားသော ကြီးမားသည့် ဘုရားကျောင်း
ထဲတွင် ရှူးမင်သည် ငြိမ်သက်စွာဖြင့် မြတ်စွာဘုရားရှင်အား အာရုံပြုနေလေသည်။ သည်မနက်ခင်းသည် ရှူးမင်အတွက် ခါတိုင်းအာရုံ
ပြုနေကျ နံနက်ခင်းနှင့်မတူပဲ ပို၍လေးနက်လေသည်။ထို့ကြောင့်လည်း ခါတိုင်း
အာရုံပြုချိန်ထက်စော၍ သည်နေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ မိမိနှင့်အတူ နန်းတွင်းသူ
လေးယောက်နှင့် အထိန်းတော်ကြီးသည်လည်း
ငြိမ်သက်စွာ ဝတ်ပြုနေကြလေသည်။

'အရှင်မင်းသမီး တိုက်ပွဲမြေပြင်ကို ထွက်ခွာမယ့်
မင်းသားကို လိုက်ပါပို့ဆောင်ရမယ့် အချိန်ကျပါပြီ။'

ဟုတ်ပေသားပဲ။ အထိန်းတော်ကြီး၏ စကားသံ
ကိုကြားတော့မှ ရှူးမင်သည် တစ်ယောက်သော
သူအတွက် ဆုတောင်းပေးနေခြင်းကို ရပ်တန့်လိုက်သည်။ သည်ကနေ့သည် မိမိတန်ဖိုး
ထားရသော သူတစ်ယောက်ကို အန္တရာယ်များသော
နေရာဆီသို့ မိမိကိုယ်တိုင်ပို့ဆောင်ပေးရမည့်နေ့
ဖြစ်သည်။ မနက်အာရုံတက်သည့် အချိန်မှစ၍
မြတ်စွာဘုရားရှင်ထံတွင် ထိုသူအတွက် ဆုတောင်း
ပြီးရင်းဆုတောင်းခဲ့ရသည်။ တိုက်ပွဲမြေပြင်သို့သွား
ရန်ဟူသည့် ဆုံးဖြတ်ချက်ကို ပြင်စေချင်ခဲ့မိသည်။
လုဟန်သာ တစ်ခုခုဖြစ်သွားခဲ့ရင် ဟူသည့် အတွေး
ကို မိမိစိတ်ထဲတွင်မကြာခဏတွေးရင်း စိုးရိမ်ထိတ်လန့်လာမိသည်။

လုဟန်သည် သံချပ်ကာအင်္ကျီကို အကျအန ဝတ်ဆင်လိုက်ပြီး မိမိဆယ့်ခြောက်နှစ် အရွယ်မှစ
၍ မိမိနှင့်အတူ မကွဲမကွာတိုက်ပွဲဝင်လာခဲ့သော
ချန်နိင်ငံ၏သမိုင်းဝင်ဓားကို ဓားအိမ်ထဲသို့ထိုးသွင်း
လိုက်သည်။ ယခုဆိုလျှင် မိမိတို့နိင်ငံမှ လျို့ဝှက်စေလွှတ်ထားသော စစ်သည်ပေါင်း
၅၀၀၀ကျော်ပါသည့်အထူးတပ်ဖွဲ့သည် ရန်သူ့တပ်များ စခန်းချရာလီဟွားတောင်ကုန်း၏
အနောက်ဘက်ရှိ ရွာတစ်ခု၌ ကြိုတင်ရောက်နှင့်ပြီး
ဖြစ်လေသည်။ ရုပ်ဖျက်ရာတွင် အထူးကျွမ်းကျင်သော
ျသောချန်စစ်သည်တို့သည် ရန်သူ့တပ်များ၏အာရုံ
စိုက်ခံရခြင်းမှ ပါးနပ်စွာ ရှောင်တိမ်းနိင်ခဲ့ပြီး လုံခြုံစွာ
ပုန်းအောင်းနေနိင်ခဲ့သည်။ အထူးတပ်ဖွဲ့၏တာဝန်မှာ မိမိတို့တပ်ဖွဲ့စစ်မြေပြင်သို့ရောက်၍ အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် အထူးတပ်ဖွဲ့သည် ရန်သူ့တပ်၏ ကျောဘက်မှ
ရုတ်တရက်ပေါ်ထွက်လာကာ မိမိတို့တပ်နှင့်အတူ ရန်သူ့တပ်ကို
နှစ်ဖက်ညှပ်တိုက်ရမည်ဖြစ်ပြီး အာရုံထွေပြားနေသော
ရန်သူ့စစ်သည်များကို အဆိပ်အပ်ဖြင့်ကျွမ်းကျင်စွာ
ထိုးစိုက်နိင်ရမည်ဖြစ်သည်။ အဆိပ်အပ်သည် ချန်နိင်ငံ၏ အထူးချွန်ဆုံးသမားတော် ဇန်းရီရှင်းမှ လျို့ဝှက်စွာဖန်တီးထားခြင်းဖြစ်ပြီး ချန်စစ်သည်များ
သည်သာလျှင် ကျွမ်းကျင်စွာအသုံးပြုနိင်သော
သေမင်းတမန်အပ်ဖြစ်သည်။ ထိုအပ်ဖြင့် ထိုးစိုက်ခံရသူတိုင်းသည် အချိန်ခဏအတွင်း သတိလစ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မနိးသော
အိပ်ခြင်းနှင့်ဆက်လက်အိပ်စက်ရမည် ဖြစ်သည်။
သွေးသံတရဲရဲဖြင့် အဆုံးသတ်သည်ထက်စာလျှင်
သည်လိုအဆုံးသတ်သည်က ပို၍ကောင်းသည်ဟု
ဆိုကာ ခမည်းတော်က အဆိပ်အပ်ကိုအသုံးပြုခိုင်းခဲ့
ခြင်းဖြစ်သည်။ လုဟန်သည် စစ်ဗျူဟာ အကြောင်း
တွေးတောနေရင်းမှ မိမိအလွန်မြတ်နိးရသော
မိမိဘယ်သောအခါမှ စွန့်ပစ်မည်မဟုတ်သော
ဘယ်ဘက်လက်သကြွယ်တွင် ဝတ်ဆင်ထားသည့်
လင်းလက်တောက်ပနေသော အရာတစ်ခုဆီသို့
အကြည့်ရောက်သွားသည်။ မိမိနှင့်ဆင်တူပုံစံကို ဝတ်ဆင်ထားရသော မိန်းကလေးသည် မိမိအား
သေမတတ်မုန်းတီးနေလိမ့်မည်ဖြစ်သည်။ မိမိကြောင့် ထိုမိန်းကလေးသည် မည်သည့်အခါမှ
ရယ်ပြုံးခဲ့ရခြင်းမရှိချေ။ ထို့ကြောင့် မိမိမမျှတစွာ
တောင်းဆိုခဲ့သော အပေးအယူကို မိမိကိုယ်တိုင်
သည်ကနေ့ပယ်ဖျက်ပေးမည်ဖြစ်သည်။ မိမိချစ်မြတ်နိး
ရသောသူမသည် မိမိကြောင့် သည်ထက်ပိုပြီး နာကျင်
ခံစားရသည်မျိုး မဖြစ်စေရ။ လုဟန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး အိပ်ဆောင်မှထွက်၍ ရှူးမင်ဆီသို့ သွားရန်အလုပ်တွင်

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now