exoအားအထူးကျေးဇူးတင်ရှိခြင်း

1.1K 154 63
                                    

update လုပ်ခြင်းမဟုတ်ရပါ။ ကျမ အလွန်တန်ဖိုးထားရသော EXO အားအထူးကျေးဇူး
တင်လို၍ ဖြစ်ပါသည်။

ကျမဟာ မနေ့က ကျမတို့ ရန်ကုန်တက္ကသိုလ်(COE) မှာကျင်းပခဲ့တဲ့ထိုင်းနိင်ငံပညာတော်သင်စာမေးပွဲ
ကိုဝင်ရောက်ဖြေဆိုပြီး ရေးဖြေစာမေးပွဲအောင်မြင်
သွားပါပြီရှင့်။ မနက်ဖြန် လူတွေ့သွားဖြေရမှာဖြစ်ပါ
တယ်။ အမှန်အားဖြင့် ကျမဟာ စာမေးပွဲကို exo
ကြောင့်အောင်မြင်သွားတာပါ။ English ဘာသာနဲ့ဖြေဆိုရတဲ့သုံးနာရီစာမေးခွန်းမှာ
မေးခွန်းလေးခု မေးထားပါတယ်။ ပထမဆုံးမေးခွန်းဟာ ကိုယ်ကြိုက်နှစ်သက်တဲ့
story အကြောင်းကို အကျဉ်းချုပ်ရေးပြီး
ကိုယ်အကြိုက်ဆုံးအပိုင်းကို ထုတ်နုတ်ဖော်ပြရမှာ
ဖြစ်ပါတယ်။ အဲသည်မှာပဲ ကျမဟာ မိမိကိုယ်တိုင်
ရေးထားတဲ့'သမင်မင်းသား၏ ရွှေကြာပန်း'
အကြိုက်ဆုံး story အဖြစ်ရွေးချယ်လိုက်ပြီး
စာရေးဆရာနာမည်ကို Wu Yi Fan ဆိုပြီး
တရုတ်စာရေးဆရာအဖြစ် ဖော်ပြခဲ့ပါတယ်။
ဇာတ်ကောင်တွေနာမည်ကို လည်း Xiuminနဲ့
Luhan ဆိုပြီး အရှိအတိုင်းရေးခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ စာမေးပွဲခန်းထဲမှာ မေးခွန်းမြင်ပြီး တစ်ယောက်တည်း ပူထူနေတဲ့အချိန်မှာ ခေါင်းထဲကနေ ထွက်လာတဲ့တစ်ခုတည်းသော idea ဟာ အဲဒါဖြစ်နေလို့ပါပဲ။ ကျမ ပိုင်ပိုင်နိင်နိင် စာလုံးပေါင်းနိင်တဲ့ တရုတ်နာမည်တွေကလည်း ကျမတို့ exo idol တွေပဲ ရှိလို့ဖြစ်ပါတယ်။အကြိုက်ဆုံး အပိုင်းကို
တော့ publish မလုပ်ရသေးတဲ့ လုဟန်ရဲ့စစ်ထွက်ခန်းကို စိတ်ကူးနဲ့မြင်ယောင်
ပြီးဖြေပေးခဲ့ပါတယ်။ အဲသလိုနဲ့ပထမဆုံးမေးခွန်း
ဟာ သိပ်အဆင်ပြေသွားခဲ့ပါတယ်။

ဒုတိယမေးခွန်းဟာတော့ ကိုယ့်အကြိုက်ဆုံးပြဇာတ်
ရေးဆရာကို ဖော်ပြပြီး ပြဇာတ်ထဲက character တွေက ကိုယ့်ကို ဘယ်လိုခံစားမှု ပေးလဲဆိုတာ
ဖြေဆိုပေးရမှာပဲဖြစ်ပါတယ်။
အဲသည်မှာလည်း ကျမဟာ exo ကို အသုံးချခဲ့ပြန်
ပါတယ်။ ပြဇာတ်ရေးဆရာ နာမည်ကို Zang Yixing လို့ ရေးသားခဲ့ပြီး တရုတ်ပြည်မကြီးမှာ
ရှိတဲ့အသက်အငယ်ဆုံး ပြဇာတ်ရေးဆရာတွေထဲက
တစ်ဦးဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ အကြိုက်ဆုံးပြဇာတ်ကိုလည်း Rainy Spell လို့
ဖော်ပြခဲ့ပြီး Boy to Boy Love ကိုအခြေခံထားကြောင်းရေးသားခဲ့ပါတယ်။
ဒါ့အပြင် homosexual couple တွေကို
လက်မခံနိင်တဲ့လူထုကိုလည်း သည်ပြဇာတ်ကို
ဖတ်ကြည့်ပေးပါရန် တိုက်တွန်းခဲ့ပါတယ်။
အဲသည်လိုနဲ့ကျမရဲ့ လိမ်ဆင်ကြီးဟာ ပြီးပြည့်စုံသွား
ခဲ့ပြီး အဖြေလွှာဟာလည်း ခြောက်မျက်နှာလောက်
ရေးပြီးသွားခဲ့ပါပြီ။

တတိယမေးခွန်းကတော့ 'Human vocabulary is a dynamic system'
ဆိုတဲ့စကား ကို သဘောတူကြောင်း မတူကြောင်းနဲ့
reason ကို ဖော်ပြပေးရမယ့်မေးခွန်းဖြစ်ပါတယ်။
အဲသည်မှာလည်း ကျမဟာ exo ကို အသုံးပြုခဲ့
ပါတယ်။ ကျမဟာ anti exo တွေကို တိုက်ခိုက်ဖို့ dynamic ဖြစ်တဲ့English vocabulary တွေကို နေ့စဉ်စုဆောင်းဖြစ်ပါ
တယ်ဆိုပြီး မိမိကိုယ်တွေ့ကြုံခဲ့ရတဲ့
anti fan အချို့နဲ့ internet မှာ fight ခဲ့
တာတွေကို ကိုယ်တွေ့ဖော်ပြခဲ့ပါတယ်။ anti fan
တွေက သည်လိုကျတော့လည်း အသုံးဝင်သား
ဆိုပြီး စာမေးပွဲခန်းမှာ တစ်ယောက်တည်းပြုံးမိပါ
သေးတယ်။

နောက်ဆုံးမေးခွန်းကတော့ ကိုယ့်ရဲ့ communicative skills တွေ improve ဖြစ်မယ့် နည်းလမ်းတွေကို ဆွေးနွေးပေးရတဲ့ မေးခွန်းဖြစ်ပါတယ်။
အဲမှာလည်း ကျမဟာ exo ကို အသုံးပြုခဲ့ပါတယ်။
ကျမတို့ဟာ international fans တွေနဲ့
communicate လုပ်နိင်ဖို့ English စာဟာ
အလွန်အရေးပါကြောင်းဖော်ပြခဲ့ပြီး English စာ
တတ်ကျွမ်းမှုကြောင့် exo သတင်းတွေကို လွယ်ကူ
စွာ translate လုပ်နိင်ပြီး fandom ကို
တိုးချဲ့နိင်ခဲ့တယ်လို့ အကျယ်တဝင့်ဖော်ပြခဲ့ပါတယ်။

အဲသလိုနဲ့ကျမရဲ့ အဖြေလွှာမှာ exo member
လေးတွေရဲ့ နာမည်လေး တွေလည်းပါဝင်ခဲ့ပြီး
exo အကြောင်းလည်း အကျယ်တဝင့်ပါဝင်ခဲ့ပါတယ်။ အဲသလို ဖြေပေးလိုက်ရတဲ့အတွက် စိတ်ထဲမှာလည်း အရွေးမခံရရင်တောင် ကျေနပ်ခဲ့ပါတယ်။
သည်လိုနဲ့ကျမဟာ ရေးဖြေစာမေးပွဲ
အောင်မြင်သွားပါတယ်။ ကျမရဲ့အမေဟာဖြင့်
ပထမဆုံးအကြိမ် exo ကိုကျေးဇူးတင်စိတ်များ
ပေါ်ပေါက်လို့နေပါတယ်။ သည်ကနေ့ဟာကျမ
အပျော်ဆုံးနေ့ပဲဖြစ်ပါတယ်။ reader လေးတွေလည်း ပျော်နိင်ကြပါစေ

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now