ဇာတ်သိမ်း

1.8K 180 43
                                    

နီးကပ်လာသော ထိမ်းမြားမင်္ဂလာကြောင့် နန်းတော်ကြီးတစ်ခုလုံးတွင် အနယ်နယ်အရပ်ရပ်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များသာမက
တခြားသောနိင်ငံများမှဧည့်သည်တော်များပါ ရောက်ရှိနေကြပြီးဖြစ်သည်။ ချန်နန်းတော်သည် ဧည့်သည်ပေါင်းတစ်သောင်းကျော်ကို လက်ခံထားရသောကြောင့် စားဖိုဆောင်နှင့် နားနေဆောင်များကို တိုးချဲ့၍ယာယီဆောက်လုပ်
ပေးနေရလေသည်။
ရှူးမင်နှင့် လုဟန်မှာလည်း အားလပ်ချိန်မရှိဘဲ
ဟိုနိင်ငံသည်နိင်ငံမှလာသော ဘုရင်များနှင့်တကွ မင်းညီမင်းသားများကိုကြိုဆိုရလေသည်။ လုဟန်သည် ရှူးမင်အား တစ်ချိန်ကပိုးပန်းခဲ့ဖူးသော
မင်းညီမင်းသားများကို ဧည့်သည်တော်အဖြစ်တွေ့ရ
သောအခါ နောက်ရက်များတွင် ရှူးမင်အားကြိုဆိုခွင့်
မပြုတော့ချေ။ ရှူးမင်မှာ လုဟန်၏ခေါင်းမာမှုအောက်
တွင် ငြိမ်သက်စွာနေလိုက်ရသည်။ နန်းတွင်းဝန်အလုပ်ကိုလည်း မင်္ဂလာပွဲပြီးမှဆက်လုပ်ရန်
လုဟန်က တောင်းဆိုထားသေးသည်။ ထို့ကြောင့်ရှူးမင်သည် စာကြည့်ခန်းနှင့်အိပ်ဆောင်၌သာ အချိန်ဖြုန်းနေရ
လေသည်။

လုဟန်သည် ဧည့်သည်တော်များအား တစ်နေ့လုံးကြိုဆိုနေရသဖြင့် ပင်ပန်းနွမ်းနယ်နေလေသည်။မင်္ဂလာပွဲမှာ မနက်ဖြန်ဖြစ်သည့်အတွက် သည်ညစောစောအနားယူရမည်ဟု တွေးကာ
အိပ်ဆောင်သို့ပြန်လာစဉ် မိမိနှင့်များစွာ ခင်မင်ရင်းနှီး
သော ကုန်သည်ကြီးတစ်ဦးမှ မိမိအား အညောင်းအညာပြေစေသော အာနိသင်ရှိသည့် လက်ဖက်ခြောက်ထုပ်များ လက်ဆောင်ပေးသည့်အတွက် အိပ်ဆောင်သို့ရောက်
သောအခါ အထိန်းတော်ကြီးအား မိမိမအိပ်ခင် ထိုလက်ဖက်ရည်
ဖျော်လာပြီးဆက်သရန် အမိန့်ပေးလိုက်သည်။
ထိုကုန်သည်ကြီးသည် မိမိအလွန်ယုံကြည်ကိုးစားရ
သည့်အလျောက် ထိုလက်ဖက်ရည်သောက်သုံးပြီး
သောအခါ မိမိအကြောအခြင်များပြေလျော့သွားသည်
ကိုတွေ့ရလေသည်။ သို့သော်လည်း မိမိ၏မျက်လုံးများမှာ မအိပ်စက်ချင်သေးဘဲ ပြူးကျယ်
လာပြီးလျှင် ရုတ်တရက် ရှူးမင်အား အသည်းအသန် တွေ့ချင်လာခဲ့သည်။ မိမိ၏လက်ဖဝါးများမှာလည်း
ချွေးစေးများပြန်လျက် မိမိ၏ခန္ဓာကိုယ်သည် မတည်ငြိမ်တော့ဘဲ နောက်ဆုံးတွင် မိမိ၏ခြေလှမ်းများက ရှူးမင်ရှိရာသို့သာ ဦးတည်သွား
တော့သည်။

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now