ရှူးမင်သည် လုဟန်၏အိပ်ဆောင်မှ စိတ်လက်လေးပင်စွာ ထွက်လာခဲ့သည်။ မိမိ၏ အထိန်းတော်ကြီးသည် စိုးရိမ်သော မျက်ဝန်း
များဖြင့် ကြည့်နေသောကြောင့် သူမအား စိတ်မပူရန်လည်း ချော့မောလိုက်ရသည်။ ချန်နိင်ငံမှ ခစားရန် တာဝန်ပေးထားသော အထိန်းတော်ဖြစ်သော်လည်း မိမိအားအင်မတန်ချစ်
ခင်မှုကြောင့် မိမိသည်လည်း မိခင်ရင်းသဖွယ် ပြန်၍
အားကိုးမိသည်။ ရိုးသားသော မျက်ဝန်းကျယ်ကြီးများ
ကိုပိုင်ဆိုင်ထားသော အထိန်းတော်ကြီးသည် သည်နန်းတော်ကြီးထဲ၌ ရှိသော မိမိ၏ တစ်ဦးတည်း
သောအဖော်ပင်ဖြစ်၏။ ဤမျှလောက် ချစ်စရာကောင်း
သော အထိန်းတော်ကြီးအား ပိုင်ဆိုင်ခွင့်ရခြင်းသည်
မိမိအတွက် အဆိုးထဲမှအကောင်းပင်ဖြစ်၏။ ရှူးမင်သည် အိပ်ဆောင်သို့ပြန်ရောက်သော်လည်း
တော်တော်နှင့် အိပ်မပျော်ခဲ့ပေ။ လုဟန်၏လက်ထဲမှ
လွတ်မြောက်ချင်စိတ်ကြောင့် စဉ်းစားဆင်ခြင်နိင်စွမ်း
မရှိဘဲ အပေးအယူအား ခပ်မြန်မြန်ပင် သဘောတူခဲ့မိ၏။ ငယ်စဉ်ကတည်းက မိမိကိုယ်တိုင်
ပြောမိသောစကား တစ်ခွန်းအတွက် တွန့်ဆုတ်ခြင်း
မရှိဘဲ တာဝန်ယူတတ်ခဲ့သော ရှူးမင်သည် ပထမဆုံး
အကြိမ်တွေဝေလာခဲ့သည်။ မိမိတာဝန်ယူရမည့် အပေးအယူအတွက် ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲနေမိ
တော့သည်။မိုက်လိုက်လေခြင်း။ သည်လိုနှင့်ရှူးမင်၏တစ်ညတာသည် အတွေးပေါင်းများစွာနှင့်ကုန်ဆုံးသွားခဲ့၏။အထိန်းတော်ကြီးသည် မိမိရှေ့တွင် ဖြူလွှနေသော ဝတ်ရုံနှင့် ခေါင်းဆောင်း တို့ကို ကိုင်ဆောင်ထား၏။
သည်ကနေ့သည် စစ်ပွဲအောင်နိင်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်မည့်နေ့ဖြစ်သဖြင့် မိမိအား အခမ်းအနားသို့ ဝတ်ဆင်လာပါရန် စစ်ဘုရင်က ပြောကြား ခိုင်းလိုက်ကြောင်းသိရသည်။
ရှူးမင်သည် ဝတ်စုံအား လဲလှယ်ဝတ်ဆင်ပြီးသောအခါ အထိန်းတော်ကြီးအား ဝေါယာဉ်အဆင်သင့် ပြင်ထားရန် အချက်ပြလိုက်သည်။
အိပ်ဆောင်မှ အပြင်သို့ထွက်လိုက်သောအခါ
အင်မတန်ကြီးမားသော ဝေါယာဉ်ကြီးတစ်စင်းနှင့်
မြောက်မြားလှစွာသော နန်းတွင်းသူများသည်
မိမိအားအသင့်စောင့်ကြိုလျက်ရှိနေလေသည်။်မိမိစီးနေကျ ဝေါယာဉ်မဟုတ်သောကြောင့် အထိန်း
တော်ကြီးအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သောအခါ မိမိအားပြုံးစစဖြင့် ပြန်ကြည့်လေသည်။ ထိုစဉ် မိမိနှင့်ပုံစံတူ ဝတ်ရုံနှင့် ခေါင်းဆောင်းအား ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဝေါယာဉ်ပေါ်မှဆင်းလာလေ၏။ထိုသူ၏ အထက်စီးဆန်သော အပြုံးနှင့် ခံ့ညားသော
သွင်ပြင်တို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကို ထင်ရှားစွာ ဖော်ပြနေကြသည်။ မည်မျှပင်ခံ့ညားစေကာမူ ထိုသူသည် မိမိအတွက်
အမြဲတစေအကြမ်းဖက်တတ်သော ကလေးကြမ်းကြီး
ဖြစ်၏။

YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
Ngẫu nhiênသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်