သမင်မင်းသား၏ရွှေကြာပန်း Part-11

1.1K 141 17
                                        

ရှူးမင်သည် တစ်ညလုံးငိုထားသဖြင့် ပူစပ်နေသော
မျက်လုံးများကို အားယူပြီးဖွင့်လိုက်သည်။ မိမိသည်
ထိမ်းမြားခြင်းမပြုရသေးပါဘဲ တန်ဖိုးရှိလှသော အပျိုစင်ဘဝကို လုဟန်အားပေးအပ်လိုက်ရလေပြီ။
ထုံးတမ်းစဉ်လာများကိုတန်ဖိုးမထားတတ်သော
ပုရိသတစ်ယောက်၏လက်ထဲတွင် မိမိ၏သိက္ခာများ
တစ်စစီပြိုကွဲခဲ့ရသည်။ လုဟန်အားချစ်မိခြင်းသည်
မိမိ၏ဖျောက်ဖျက်၍မရနိင်တော့သော မဟာအမှားပင်
ဖြစ်၏။ ရှူးမင်သည် ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ကြီးမားသောမွေ့ရာကြီးပေါ်
တွင် မိမိမှအပ မည်သူမျှမရှိချေ။ အိပ်မက်တစ်ခုသာ
ဖြစ်လိုက်ပါတော့ဟု အကြိမ်ကြိမ်အခါခါဆုတောင်း
မိသော်လည်း စုတ်ဖြဲခံထားရသော ဝတ်ရုံများက
အိပ်မက်မဟုတ်ကြောင်း သက်သေပြနေပေသည်။
ရှူးမင်သည် မိမိဘေးနားတွင် ထားခဲ့သော ဝတ်ရုံအသစ်အား လဲလှယ်ဝတ်ဆင်ပြီး လုဟန်၏ အိပ်ဆောင်မှထွက်လာခဲ့သည်။ အပြင်ဘက်တွင်
မိမိ၏အထိန်းတော်ကြီးများက ဝေါယာဉ်အသင့်ပြင်
လျက်စောင့်ဆိုင်းလျက်ရှိနေသည်ကို တွေ့ရသဖြင့်
စိတ်လက်လေးပင်စွာဖြင့် ဝေါယာဉ်ထဲတွင် တိတ်ဆိတ်စွာလိုက်ပါလာခဲ့ရသည်။ ဝေါယာဉ်သည်
စစ်ဘုရင်၏နန်းဆောင်ရှေ့တွင် ရပ်တန့်သွားပြီး
စစ်ဘုရင်မှ မိမိအားလှိုက်လှဲစွာ ကြိုဆိုလေသည်။ စစ်ဘုရင်သည်
လည်း မိမိမျက်နှာမကောင်းသည်ကို တွေ့သောအခါ
အနည်းငယ်အားနာသယောင် ဖြစ်နေလေ၏။
မိမိ၏လက်များကို နွေးထွေးစွာ ဆုပ်ကိုင်ပြီးလျှင် လုဟန်၏လုပ်ရပ်အတွက် တောင်းပန်စကားပြော
ကြားလေ၏။

'သားတော်ရဲ့ မိုက်မဲတဲ့လုပ်ရပ်အတွက် သည်အချိန်မှာ ဘယ်လိုတောင်းပန်စကားမျိုးမှ
အသုံးမဝင်ဘူးဆိုတာသိပါတယ်။ အသင်မင်းသမီး
မယုံမှန်းသိပေမယ့် သားတော်ဟာ စိတ်နှလုံးနူးညံ့ပျော့ပျောင်းတဲ့လူတစ်ယောက်ပါ။
သည်ကိစ္စဟာလည်း အသင့်ကို ချစ်လွန်း စွဲလန်းလွန်း
လို့ဖြစ်သွားခဲ့ရတာပါ။ ထုံးတမ်းစဉ်လာတွေကို တန်ဖိုး
မထားတတ်တာလည်း ကျွန်ပ်ရဲ့အပြစ်ကြောင့်ပါ။
ငယ်စဉ်ကတည်းက သားတော်ကို စစ်ရဲ့အနိဋ္ဌာရုံတွေနဲ့ရင်းနှီးစေခဲ့ပြီး ရက်စက်ကြမ်းကြုတ်စေခဲ့တဲ့ ကျွန်ပ်ရဲ့အမှားကြောင့်ပါ။ သင်ရဲ့ဖခင်ကိုလည်း မိတ်ဆွေတစ်ယောက်အနေနဲ့ကျွန်ပ်မျက်နှာမပြဝံ့ပါဘူး။ သူလည်း သည်ကိစ္စကိုသာသိရင် အမျက်ချောင်းချောင်းထွက်မှာပါ။ အဲသည်အတွက်လည်း သူကျေနပ်တဲ့အထိတောင်းပန်ဖို့ကျွန်ပ်စဉ်းစား
ထားပါတယ်။အခုအချိန်ကစပြီး သားတော်ကို
မင်းသမီးစိတ်တိုင်းကျ ပြုပြင်ပေးပါ့မယ်။ သားတော်ရဲ့ပြောင်းလဲသွားတဲ့ပုံစံကို မင်းသမီးဆီမှာ
သေချာပေါက်ပြပေးပါ့မယ်။ တစ်ခုပဲမင်းသမီးကို
တောင်းဆိုချင်တာက သားတော်အပေါ်မှာ မေတ္တာမပျက်ဘဲ အရင်အတိုင်းနွေးထွေးပေးလို့
မဖြစ်ဘူးလား။'

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now