'အသင်မင်းသားရဲ့ မျက်ဝန်းတွေကို တွေ့ရှိပြီးကတည်းက ကျွန်ပ်ဟာ သင့်ကိုသည်ထက်
ပိုပြီးဖျောင်းဖျလို့မရတော့မှန်း သိထားခဲ့ပါတယ်။ သို့ပေမယ့် ကျွန်ပ်ဟာ မျှော်လင့်ချက် တစ်မျှင်လောက်ကို ရင်ထဲမှာပိုက်ပြီး သင့်ကို ကာကွယ်ပေးဖို့ ကြိုးစားချင်ခဲ့မိပါတယ်။ ကျွန်ပ်ဟာ
သင့်ကို မချစ်နိင်ရင်တောင်မှ မမုန်းတီးနိင်ဘူးဆိုတာ
သင့်ကို အသိပေးချင်လို့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် မင်းသားဟာ ကျွန်ပ်ရဲ့ စေတနာနဲ့ မထိုက်တန်ဘူးဆို
တာ ကျွန်ပ်ယခုနားလည်လိုက်ပါပြီ။ ကျွန်ပ်သည်နေရာကို ရောက်ရှိလာတာဟာ သင့်ဆီက
အကြမ်းဖက်မှုကို ခံယူဖို့ မဟုတ်ဘူးဆိုတာ
သိထားပြီး ကျွန်ပ်ကို သွားခွင့်ပေးပါတော့'ရှူးမင်သည် လုဟန်၏ အတင်းအကျပ်ပွေ့ဖက်ခြင်း
ကိုခံထားရာမှ မိမိပြောချင်သော စကားလုံးများကို
အသက်မနည်းရှူ၍ ပြောလိုက်၏။ သည်မင်းသား၏
အကြမ်းဖက်တတ်သော စရိုက်ကို မိမိ အလွန်မုန်းတီးသည်။ ချောမောလှပသော ရုပ်ရည်ကို
ပိုင်ဆိုင်ထားသော အရာရာတိုင်းတွင် ထက်မြက်သော
မင်းသား၏ ပြစ်ချက်သည် စိတ်ထင်သလို အကြမ်းဖက်ခြင်းဖြစ်၏။ သည်ကနေ့တော့ သည်မင်းသား၏ အရှိုက်ကို ထိစေမည့် စကားလုံး
များကိုသာ မိမိရွေးချယ်သုံးနှုန်းတော့မည်ဟု ဆုံးဖြတ်လိုက်၏။မဟုတ်လျှင် သည်ည လွတ်လမ်းမမြင်။ ဘဝတစ်ခုလုံး ဆုံးရှုံးရတော့မည့်
အရေးတွင် မိမိသည် ထိုမင်းသား၏ မာနကိုထိခိုက်
စေမည့် စကားလုံးများကို မပြောချင်ခဲ့သော်လည်း
ပြောရပေတော့မည်။'အသင်မင်းသား ယခုလုပ်နေတဲ့ လုပ်ရပ်ဟာ
ယောင်္ကျားကောင်း ယောင်္ကျားမြတ်တို့ ရဲ့စိတ်နေသဘောထားနဲ့ လုံးဝသွေဖီနေတယ်ဆိုတာ
သိပါသလား။ မင်းညီမင်းသားမှန်ရင် မဖြစ်မနေလေ့လာရတဲ့ အတွေးအခေါ်ပညာရှင် ဟွမ်ဇီတာအိုရဲ့'မြင့်မြတ်သော စိတ်နေသဘောထား'
ဆိုတဲ့ကျမ်းက သင့်ကို သည်လိုအကြမ်းဖက်
ပါလို့များသင်ပေးခဲ့သလား။ သင်ဟာ အဲသည်ကျမ်း
ကိုလေ့လာပြီး သည်လိုပြုမူနေတယ်ဆိုရင်တော့
ကျွန်ပ်ဟာ သင့်ကို စာမတတ်တဲ့ အိမ်ရှေ့စံမင်းသားလို့ကောက်ချက်ချရပါလိမ့်မယ်'
ရှူးမင်သည် စကားလုံးတိုင်းကို အားထည့်ပြီး ပြောလိုက်ဧ။်။ မာနကြီးသော မင်းသားသည် အင်မတန် စိတ်တိုသွားနိင်ပေသည်။
![](https://img.wattpad.com/cover/56339702-288-k483712.jpg)
YOU ARE READING
သမင်မင်းသား၏ရွှေကြာပန်း
De Todoသမင်မင်းသား၏ရွှေကြာပန်း စိတ်ကူးတည့်ရာ လျှောက်လုပ်ထားခြင်းဖြစ်ပါသည်။ သည်းခံပြီးဖတ်ပေးပါရန်