Lovable Person Vs Valuable Person-Part.3

2K 223 0
                                    

Kyungsoo တစ်ယောက် luhan concert ကပြန်လာတော့အတော်နောက်ကျနေပြီဖြစ်သည် အိမ်ထဲဝင်လာတော့လည်းတစ်ဦးတည်းသောsamchun ရဲ့ဒေါသကိုကြောက်ရသဖြင့် ခြေဖွဖွလေးနင်းကာအိမ်ထဲဝင်လာမိသည် kyungsoo ကံကောင်းချက်များ သူလည်းအိမ်ထဲဝင်ပြီးသူ့အိပ်ခန်းဘက်ခြေလှမ်းရုံရှိတဲ့အချိန်မှာပဲအိမ်ထဲမှာပိတ်ထားတဲ့မီးတွေလင်းလာသလိုဧည့်ခန်းမှာသူ့ကိုမျက်တောင်မခတ်စိုက်ကြည့်နေသော ဦးလေးဖြစ်သူ minho ကိုမြင်ပြီးအသက်ရှူမိရဲ့လားပင်မသိပေ kyungsoo လည်းအတတ်နိုင်ဆုံးရှိသမျှသွားအကုန်မြင်ရအောင်ပြုံးပြပြီး

Kyung : samchun မအိပ်သေးဘူးလား

Minho : မင်းကိုစောင့်နေတာ

Kyung : samchun ကလည်းစောင့်စရာမလိုပါဘူးအားနာစရာကြီး အိပ်ရေးပျက်နေအုံးမယ် တော်ကြာမနက်ရောက်ရင်ခေါင်းမူးနေအုံးမယ် သွားအိပ်တော့နော် ကျွန်တော်လည်းအိပ်တော့မယ်

kyungsoo လဲတတ်နိုင်သမျှအဆူမခံရအောင် ကြိုးစားကြည့်တာပေါ့ ဒါမဲ့ သူ့ကြိုးစားမှုကတော့အရာမထင်ခဲ့ပေ ရလိုက်တာက samchun ရဲ့ အော်သံတစ်ခုပင်

Minho : Do Kyungsoo!!

Kyung : nae samchun ဘာ ဘာ ဘာပြောမို့လဲ

Minho : မင်းဒီလောက်စာမေးပွဲကနီးနေတဲ့ဟာကို အဲ့ပွဲသွားကြည့်ဖြစ်အောင်ကြည့်သေးတယ် ငါကမသွားပါနဲ့ပြောတာတောင်မှ ရအောင်သွားတယ် ပြီးတော့ ph ဆက်တော့ငါ့ကိုအရေးမစိုက်သလိုနဲ့ အပြန်ကျရင်တုတ်ကောက်ပြီးပြန်ခဲ့မယ်ဆိုပြီးပြောသေးတယ် kyungsoo ငါကြိုသွေးတက်အောင်တမင်များလုပ်နေဆာလား

Kyung : ဟာ မဟုတ်ပါဘူး samchunကိုသွေးတက်အောင်ကျွန်တော်ကဘာလို့လုပ်ရမှာလဲ ဒီတိုင်းလေးအသံလေးကျယ်သွားအောင်လုပ်ရုံလောက်ပါ

Minho : ya!!

Kyung : samchun ရယ်စိတ်ကိုလျော့ပါ

်စာမေးပွဲဖြေဖို့ကနှစ်ပတ်တောင်လိုပါသေးတယ်

Minho : မင်းနော်ငါလုပ်လိုက်ရင်တော့

Kyung : samchun ဘာမှစိတ်မပူနဲ့ကျွန်တော်ကစာရနေပါပြီ နောက်တစ်ခေါက်ပြန်ကြည့်လိုက်ရင်စာမေးပွဲကိုကောင်းကောင်းဖြေနိုင်ပါတယ်

Lovable Person Vs Valuable PersonWhere stories live. Discover now