Lovable Person Vs Valuable Person-Part.8

1.5K 198 3
                                    

kyungsoo သီချင်းဆိုပြီးသွားတဲ့အချိန်မှာ လက်ခုပ်သံကြားရသည် ဒါပေမဲ့ judge တွေထဲကမဟုတ် kyungsoo အသံလာရာဘက်ကိုလှည့်ကြည့်လိုက်တော့ ကိုယ့်မျက်လုံးကိုမယုံနိုင်အောင်ပင်

ူအရမ်းအားကျရတဲ့ luhan ကသူ့ဆီကိုနွေးထွေးတဲ့အပြုံးနဲ့အတူ သူ့ကိုအားဖြစ်စေမဲ့ လက်ခုပ်သံလေးပေး၍
လျှောက်လှမ်းလာနေလေသည်

kyungsoo ရဲ့စိတ်ထဲမှာတွေးမိနေတာက

" luhan hyung!
ငါအခုမျက်စိမှားနေတာလား
kyungsoo အိပ်ရာထတော့လေ ဒါမဲ့အိပ်ရာထရအောင် ငါအိပ်နေတာမှမဟုတ်တာ audition ဖြေနေတာလေ အာ့ဆိုငါမြင်နေရတာက ဘာလဲ luhan hyung မှာ china မှာလေ ပြန်မှမရောက်သေးတာ ငါမျက်စိအမြင်တင်မဟုတ်ဘူး
အကြားပါမှားနေပါလား
တော်တော်ဆိုးဆိုးပဲ "

kyungsoo ရဲ့အတွေးကမျက်စိအမြင်မှားတယ်လို့တွေးလိုက်ပေမဲ့ ထိုအတွေးက luhan သူ့ပုံခုံးကိုလာဖက်ပြီးစကားပြောတော့မှ အမြင်မှားတာမဟုတ်မှန်းသိသည်

luhan တစ်ယောက် လက်ခုပ်လေးတီးကာ kyungsoo ဆီကိုလျှောက်လှမ်းလာတဲ့တ
လျှောက်တွေးမိတာက

" kyungsoo မင်းကတော်တော်ချစ်ဖို့ကောင်း
တာပဲ အခုလည်းကြည့်အုံးမျက်လုံးလေး
ကိုပြူးနေတာပဲ အင်းပေါ့လေအံ့သြရင်လည်း
အံ့သြမှာပေါ့ fan တွေအကုန်လုံးက
ငါမနက်ဖြန်မှပြန်လာမယ်လို့သိထားတာကို
ဒါမဲ့ ငါ့စိတ်ကိုငါသိတယ် ဒီကောင်လေးကိုဘာကြောင့်မှန်းမသိတွေ့ချင်နေလို့ အလုပ်ပြီးတာနဲ့ ပြန်လာခဲ့လိုက်တာ မင်းသိမှာမဟုတ်ပါဘူး kyungsoo ငါကိုယ်တိုင်လည်းငါ့စိတ်ကိုမသိသေးဘူး
သေချာတာတစ်ခုကတော့ ငါမြန်မြန်ပြန်လာခဲ့တယ်ဆိုတာ ငါမင်းကိုအရမ်းတွေ့ချင်တဲ့စိတ်ကစိုးမိုးနေလို့ပဲ"

luhan တစ်ယောက် kyungsoo ပုံခုံးလေးပေါ်လက်လေးတင်လိုက်ပြီး judge တွေဘက်ကိုကြည့်ပြီး ပြောလိုက်တဲ့စကားက kyungsoo ဝမ်းသာရမည့်စကားများပင်

Lu : kyungsoo ကိုရွေးကြမှာမလား ကျွန်တော်က judge မဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင်လုပ်နေတဲ့အလုပ်ဖြစ်တာကြောင့်သိပါတယ် kyungsoo မှာထူးခြားတဲ့အသံရှိတယ် သူ့အသံကသီချင်း
အေးအးလေးတွေနဲ့လိုက်သလို ဘယ်လိုပြောရမလဲပေါက်ကွဲတဲ့သီချင်းဆိုလည်းလိုက်မယ်လို့ထင်တယ် pop,R&B,balled သီချင်းမျိုးတွေဆိုပိုပြီးလိုက်မယ် ကျွန်နော်သဘောအရဆို kyungsoo ကိုရွေးစေချင်တယ် အကြံပေးတဲ့သဘောပါ နှောက်ယှက်တာမဟုတ်ပါဘူး

Lovable Person Vs Valuable PersonWhere stories live. Discover now