yeol's pov
kyungsoo နဲ့ ဒီနေ့တစ်နေ့လုံးစကားမပြောရတော့ လူကအိပ်မပျော်ချင်သလိုဖြစ်နေတယ် စိတ်ထဲမှာသူ့ကိုတွေ့ချင်တဲ့ စိတ်ကစိုးမိုးလာတော့ အချိန်မကြည့်မိပဲ အိမ်ကထွက်လာမိတယ် kyungsoo တို့အိမ်ရှေ့ရောက်လို့ ph ခေါ်မလို့ ph ထုတ်ကြည့်တော့မှ ည 11 နာရီခွဲတော့မယ် ကျွန်တော်လည်း ဆေးမမှီတော့ဘူးထင်ပါတယ် ကျွန်တော် ဒီလောက်ထိစွဲလမ်းသွားမယ်လို့ ဘယ်လိုသိမှာလဲ ကိုယ့်စိတ်ကိုလည်း အံ့သြမိတယ် အရင်ကကျွန်တော့်ဘေးမှာရှိတဲ့ကောင်မလေးတွေကို ယောင်လို့တောင်လှည့်မကြည့်လို့ သွေးအေးတယ်ဆိုပြီး kai , sehun တို့အပြောခံရတဲ့ Park Chanyeol ဘယ်တိုင်းပြည်ရောက်သွားသလဲ မသိပါဘူး
Do Kyungsoo လို့ခေါ်တဲ့ကောင်လေးက ကျွန်တော့်နှလုံးသားကိုအဲ့လောက်ထိ လွှမ်းမိုးသွားခဲ့တာပါ ကျွန်တော်အရိုးသားဆုံး ဝန်ခံရရင် သူ့ကို idol အလုပ်ကိုမလုပ်စေချင်ဘူး ဘာလို့လဲဆိုတော့ kyungsoo idol ဖြစ်သွားရင် ကျွန်တော် stalker ဖြစ်မှာမြင်ယောင်နေလို့ပါ သူ့ကိုစိတ်မချလ်ို့လေ သူ့ရုပ်ကလေးက ကလေးလေးတစ်ယောက်လိုဖြူစင်ပြီး အရမ်းချစ်ဖို့ကောင်းတယ် fan girl တွေအများကြီးရမှာ အဲ့အခါကျရင် ကျွန်တော်park chanyeol ဘာမဟုတ်တဲ့ကိစ္စလေးတွေကအစ အကုန်စိတ်ပူနေရမှာ သူသိရင်တော့ နှုတ်ခမ်းကိုကျွန်တော်ဖက်နမ်းချင်လာအောင် စူပြပြီး ပွစိပွစိပြောပါလိမ့်မယ် ဒါတွေက သူ့ကိုချစ်လွန်လွန်းလို့ဆိုတာကိုတော့ သူမြင်နိုင်မှာပါနော်
kyungsooကိုအပြင်ထွက်လာဖို့ပြောရအောင်လည်း ဒီအချိန်က သူအိပ်တဲ့အချိန်ဖြစ်နေပြီ သတ္တိကောင်းလှတဲ့ကျွန်တော် msg တစ်စောင်တော့ပို့လိုက်ပါတယ် msg ပို့ပြီးခဏနေတော့ kyungsoo ဆီက ph ဝင်လာတယ် ' အခုတွေ့ရအောင်တဲ့ '
အဆင်သင့်လိုက်တာ ကျွန်တော်ကသူ့အိမ်ရှေ့မှာလေ အဲ့တော့သူ့မျက်နှာလေးမြန်မြန်မြင်ခွင့်ရသွားပြီ
ကျွန်တော်က အိမ်ရှေ့မှာပြောတော့ သူကမယုံဘူးဖြစ်နေတယ် အင်းပေါ့လေ အချိန်ကနောက်နေ့ဖြင့်ကူးတော့မှာကိုးခဏနေတော့ ကျွန်တော်ချစ်ရတဲ့ကောင်လေး အိမ်ထဲကနေထွက်လာပါပြီ ကျွန်တော့်ကိုမြင်တော့သူပြုံးပြတယ် တော်သေးတာပေါ့ သူစိတ်ဆိုးမယ်ထင်နေတာ သူအိပ်နေတာကိုနှောက်ယှက်မိလို့လေ
YOU ARE READING
Lovable Person Vs Valuable Person
FanfictionChanSoo , HanSoo ( yaoi ) Myanmar fan fiction ကျွန်တော် ချစ်ရတဲ့သူနဲ့ တန်ဖိုးထားရတဲ့သူ အဲ့နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဆိုရင်...