Luhan ဒီနေ့စိတ်ပျော်မိသည်မှာအမှန်ပင် အကြောင်းကတော့နေ့လည်ကသူကြားခဲ့တဲ့စကားတစ်ခွန်းကိုအခုချိန်ထိနားထဲမှာစွဲနေအောင်ပြန်ကြားနေသောကြောင့်ပင်
luhan နားထဲမှာကြားနေရတဲ့စကားတစ်ခွန်းက
' luhan hyung ကကျွန်တော့ရဲ့ role model '
အဲ့စကားလေးတစ်ခွန်းကအခုချိန်ထိဘာကြောင့်မှန်းမသိပြန်ကြားနေသလို အဲ့စကားကိုပြောတဲ့ကောင်လေးရဲ့ပုံစံလေးကိုပြန်ပြီးပုံဖော်ကာ နေ့လည်ကအချိန်လေးတစ်ခုဆီသို့အတွေးကိုလွှတ်လိုက်သည်
## flash back ##
luhan တစ်ယောက် radio အစီအစဉ်တစ်ခုကိုသွားမယ့်လမ်းမှာဗိုက်ဆာလာတာနဲ့ ကားရှေ့မှာထိုင်နေတဲ့ manager hyung ကိုစကား စလိုက်သည်
lu : hyung ကျွန်တော်ဗိုက်နဲနဲဆာလာလို့ အဲ့ဒါဒီနားကအဆင်ပြေမဲ့နေရာရောက်ရင်တစ်ခုခုဝင်စားရအောင်
ma h : အာ့ဆိုဒီနားမှာအဆင်ပြေမဲ့တစ်ဆိုင်တော့ရှိတယ် ထမင်းဆိုင်တော့မဟုတ်ဘူး ပင်လယ်စာခေါက်ဆွတြို့ဘာတို့တော့ရတယ်
lu : ကိစ္စမရှိပါဘူး တစ်ခုခုစားလိုက်ရရင် ရပါတယ်
ma h : မင်းမနေ့ကအိမ်ပြန်တော့ ဘာမှမစားဖြစ်ဘူးလား
lu : imm အိမ်ပြန်ရောက်တော့ ပင်ပန်းနေတာနဲ့ခဏမှေးလိုက်တာ နိုးလာတော့မနက်ရောက်နေပြီ
ma h : aww ဖြစ်ရတယ် luhan ရယ် ကိုယ့်ဘာသာလည်းဂရုစိုက်အုံးမှပေါ့တြော်ကာ
ဗိုက်အောင့်တာတွေတွေဖြစ်နေအုံးမယ်lu : နောက်ဆိုဂရုစိုက်ပါ့မယ် hyung ရယ် အခုတော့ဗိုက်ဆာနေပြီ
ma h : အေးပါကွာ ငါကစိုးရိမ်လို့ပြောတာပါ
lu : စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်
luhan တစ်ယောက် manager hyung ခေါ်လာတဲ့ဆိုင်လေးရောက်တော့ဆိုင်ပုံစံလေးကိုသေချာကြည့်မိလိုက်တယ် ကြည့်မျဆို ဆိုင်လေးရဲ့အပြင်အဆင်က အရှေ့ဘက်မှာ တခြားဆိုင်တွေလိုမျိုးမှန်တွေနဲ့ထားတာမဟုတ်ပဲနဲ့
နွေးထွေးမှုပုံစံလေးပေါ်တဲ့သစ်သားလေးတွေကိုအလျားလိုက်ဒေါင်လိုက်ပုံစံလေးနဲ့ပြင်ဆင်ထားတယ် အပြင်ကနေလှမ်းကြည့်ရင် ဆိုင်ရဲ့အတွင်းအပြင်အဆင်ကိုဘာမှမမြင်ရပေ
ဆိုင်ဝင်ပေါက်တံခါးလေးတစ်ခုကိုပဲမှန်လေးနဲ့ထား ထားတဲ့ဆိုင်လေးက ဘာကြောင့ှ်န်းမသိ luhan အပြင်ဘက်လေးကိုကြည့်လိုက်တာနဲ့ နွေးထွေးမှုကိုခံစားရသလိုပင် ဆိုင်နာမည်လေးကိုသတိရလို့ကြည့်လိုက်မိတော့
" နွေးထွေးမှု "
luhan စိတ်ထဲမှာတော့ ဆိုင်နာမည်လေးနဲ့အပြင်အဆင်လေးကလိုက်တယ်လို့မှတ်ချက်ချလိုက်မိသည်
ESTÁS LEYENDO
Lovable Person Vs Valuable Person
FanficChanSoo , HanSoo ( yaoi ) Myanmar fan fiction ကျွန်တော် ချစ်ရတဲ့သူနဲ့ တန်ဖိုးထားရတဲ့သူ အဲ့နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဆိုရင်...