Lovable Person Vs Valuable Person-Part.17

1.1K 114 7
                                    

# phone ring #

Kyung : yeollie ဘာကိစ္စ?

Yeol : ကိုယ့်ချစ်သူဆီ phone ဆက်တာကိစ္စရှိမှဆက်ရမှာလား

Kyung : အဲ့လိုသဘောမျိုးမဟုတ်ပါဘူး

Yeol : ထားပါ ဒီနေ့schedule ရှိလား

Kyung : ညနေကျရင်တော့ jongdaeနဲ့ studioခဏသွားရမယ် အဲ့ဒါပြီးရင်တော့ အားပြီဘာဖြစ်လို့လဲ

Yeol : ဒီနေ့ဘာနေ့လဲသိလား

Kyung : အင်္ဂါနေ့လေ

Yeol : ဟာ…အဲ့ဒါကိုပြောတာမဟုတ်ဘူးလေ

Kyung : ဘာကိုပြောတာလဲ

Yeol : ဒီနေ့ချစ်သူသက်တမ်း ရက်နှစ်ရာပြည့်တဲ့နေ့လေ

Kyung : အာ…ဟုတ်သားပဲ

Yeol : ဘာဟုတ်သားပဲလဲ မေ့နေတယ်ပေါ့လေ ရက်တစ်ရာပြည့်တဲ့နေ့တုန်းကလည်း show champion သွားရတယ် အဲ့အပြန်ကျတော့ radio show တစ်ခုထပ်သွားရတာနဲ့ ညဥ့်နက်သွားလို့ ဘယ်မှမသွားလိုက်ရတဲ့အပြင် ညစာအတူတူတောင်မစားလိုက်ရဘူး ဒီနေ့တော့အားပါတယ်နော်

Kyung : yeollie

Yeol : ဘာလဲ

Kyung : စိတ်ဆိုးသွားတာလား

Yeol : ………

Kyung : စိတ်မဆိုးပါနဲ့ ဒီနေ့က ရက်နှစ်ရာပြည့်တဲ့နေ့ဆိုတာသိပါတယ် သက်သက်ချစ်လို့စတာ

kyungsoo ပြောတာကို တစ်ဘက်ကနားထောင်နေတဲ့ yeol ရဲ့မျက်နှာမှာကြည်နူးမှုအပြည့်က နေရာယူထားပြီး နှုတ်ခမ်းလေးမှာတော့ချိုသာတဲ့အပြုံးလေးက မြဲမြံစွာရှိလျက်ဖြစ်သည်

Yeol : ဒီနေ့တော့အချိန်ရတယ်ဆိုတဲ့သဘောပေါ့

Kyung : imm

Yeol : ညနေလာခေါ်မယ်လေ ဘယ်အချိန်ပြီးမှာလဲ

Kyung : သေချာတော့မပြောတတ်သေးဘူး 6နာရီ 7နာရီ အဲ့လောက်တော့ပြီးမှာပါ

Yeol : 6နာရီလောက်လာခဲ့မယ် စောင့်နေနော် ဟိုတစ်ခါတုန်းကလိုလည်းမေ့မသွားနဲ့ဦး

Kyung : မမေ့တော့ပါဘူးဗျာ

Yeol : ညနေတွေ့မယ်နော်

Kyung : imm yeollie

Yeol : wae?

Kyung : မင်းတစ်ခုခုပြောဖို့ ကျန်သေးတယ်
်မထင်ဘူးလား

Lovable Person Vs Valuable PersonWhere stories live. Discover now