- ဒီဆိုင်က Do Kyungsoo ရဲ့ဦးလေးဖြစ်သူဆိုင်များလား? -
- ဟုတ်ပါတယ် ကျွန်တော်က Do Kyungsoo ဦးလေးဖြစ်သူပါ -
- ကျွန်တော်စကားလေးနည်းနည်းပြောချင်လို့ပါ-
- ပြောရတာအားနာပေမဲ့ ဒီကအစ်ကိုက ဘယ်သူလဲမသိဘူး -
- အော် ကျွန်တော်ကိုယ့်ကိုယ်ကိုမိတ်ဆက်ဖို့ မေ့နေတာ ဟုတ်ကဲ့ ကျွန်တော်က Park Chanyeol ရဲ့ဖခင်ဖြစ်သူပါ -
- အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ဘာကိစ္စကြောင့် ကျွန်တော့်ကိုလာတွေ့ရတာလဲမသိဘူး -
- ကျွန်တော် အကူအညီလေးတောင်းစရာ ရှိလို့ပါ -
- အကူအညီ…? ထိုင်ပါဦး ကျွန်တော်ဘာများကူညီပေးရမလဲ -
- kyungsoo လေးကိုဖြောင့်ဖြပေးဖို့ပါ -
- ……? -
- ဒီလိုပါ ကျွန်တော့သားနဲ့ kyungsoo ကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်နေတယ်လို့ပြောပါတယ် အဲ့ဒါကျွန်တော်တို့ဘက်က လုံးဝသဘောမတူနိုင်လို့ပါ ကျွန်တော်အခုလိုပြောလိုက်လို့ စိတ်ထဲတစ်မျိုးမဖြစ်ပါနဲ့နော် အမှန်အတိုင်းအရှင်းဆုံးပြောတာ အကောင်းဆုံးထင်လို့ပါ သဘောမတူနိုင်ဘူးပြောတဲ့အကြောင်းက kyungsooမှာလိုအပ်ချက်တွေရှိနေလို့မဟုတ်ပါဘူး kyungsoo ကမိန်းကလေးမဟုတ်ပဲ ယောက်ျားလေးဖြစ်နေတဲ့ ခြွင်းချက်ကြောင့်ပါ Chanyeolကတစ်ဦးတည်းသောသားဖြစ်တာကြောင့်လည်းပါ ပါတယ် အာ့ကြောင့်kyungsooကိုဖြောင့်ဖြပေးဖို့ ဒီကဦးလေးဖြစ်သူကို အကူအညီလာတောင်းရတာပါ -
- ကျွန်တော် ကူညီနိုင်ပါ့မလားဆိုတာ… သေချာတော့မသိဘူး -
- ဖြစ်နိုင်ရင် ကူညီပေးပါ… ကျွန်တော်အနူးအညွတ်တောင်းဆိုပါတယ် -
- ကျွန်တော်ပြောကြည့်ပေးပါ့မယ် ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်က kyungsooနဲ့ chanyeol ပေါ်မှာပဲ မူတည်ပါလိမ့်မယ် -
YOU ARE READING
Lovable Person Vs Valuable Person
FanfictionChanSoo , HanSoo ( yaoi ) Myanmar fan fiction ကျွန်တော် ချစ်ရတဲ့သူနဲ့ တန်ဖိုးထားရတဲ့သူ အဲ့နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဆိုရင်...