At airport
Lu : kyungsoo အိမ်ပြန်တော့မယ်မလား?
Kyung : အိမ်မပြန်သေးဘူး agency ခဏသွားအုံးမယ်
Lu : ဘာလဲ yeol မျက်နှာသွားကြည့်မလို့လား
Kyung : အဲ့လိုတော့မဟုတ်ပါဘူး xing hyung နဲ့ suho hyungကိုလက်ဆောင်ပေးစရာလည်းရှိလို့ပါ
Lu : ပြီးတော့ yeolကိုလည်းလွမ်းလို့ ဟုတ်တယ်မလား
Kyung : hyung…
Lu : အေးပါကွာ ဒါဆိုလည်းသွားမယ်လေ
Kyung : hyung ကအိမ်မပြန်ဘူးလား
Lu : မပြန်သေးဘူး ဟိုနှစ်ယောက်နဲ့နေ့လည်စားပြီးမှပြန်မယ် အခုအိမ်ပြန်သွားရင်တစ်ယောက်တည်း ဘာမှစားစရာလည်းရှိမှာမဟုတ်ဘူး မှာစားရမယ်လေ အဲ့တော့ ဟိုနှစ်ယောက်ကိုဝယ်ကျွေးခိုင်းမယ်လေ သူတို့ကhyungထက်ချမ်းသာတယ်
Kyung : ဒါဆိုလည်းတူတူသွားမယ်လေ
~~~~~
Suho : ဒီနေ့ luhanနဲ့ kyungsoo ပြန်လာမှာမလား
Xing : ဟုတ်တယ် စောစောကluhan phoneဆက်တယ် သူလေဆိပ်ကနေဒီကိုလာခဲ့မယ်တဲ့ ငါတို့နှစ်ယောက်ကိုနေ့လည်စာဝယ်ကျွေးတဲ့
Suho : သူအိမ်ပြန်သွားလည်း တစ်ယောက်တည်းမှာစားရမှာဆိုတော့ ကောင်းပါတယ် ဒါနဲ့kyungsoo ကအိမ်တန်းပြန်ပြီမလား
Xing : မပြန်ဘူး သူနဲ့အတူပါလာတယ်တဲ့ ငါတို့အတွက်လက်ဆောင်ဝယ်လာတာပေးမလို့တဲ့
Suho : ကြားကောင်းအောင်ပြောတာဖြစ်မှာပါ yeolကိုသတိရလို့လာတာဖြစ်မှာ အဲ့ကောင်လေးဥာဏ်ကောင်းသားပဲ
Xing : aww… မတွေ့ရတာတစ်ပတ်ကျော်ပြီဆိုတော့ သတိရမှာပေါ့
Suho : Zhang YiXing နှုတ်က ဒီလိုစကားမျိုးထွက်တယ်ဆိုတော့ မှတ်တမ်းတင်ထားရမယ်
Xing : လာနောက်မနေနဲ့
Suho : မဟုတ်လို့လား
Lu : hey! Men…Long time no see
Suho : ကြွပါဗျာ ကျွန်တော်တို့ထမင်းဝယ်ကျွေးဖို့ စောင့်နေတာ
Lu : ငါ့သူငယ်ချင်းတွေက လိမ္မာတာပဲ
Xing : တော်စမ်းပါကွာ အပိုတွေပြောမနေနဲ့
YOU ARE READING
Lovable Person Vs Valuable Person
FanfictionChanSoo , HanSoo ( yaoi ) Myanmar fan fiction ကျွန်တော် ချစ်ရတဲ့သူနဲ့ တန်ဖိုးထားရတဲ့သူ အဲ့နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဆိုရင်...