Valuable Person Vs Lovable Person-Part.10

1.4K 163 2
                                    

နေမင်းကြီးက တိမ်လိုက်ကာကြားကနေ
ထွက်လို့ လာတဲ့အချိန်မှာ ကျေးငှက်လေးတွေကလည်း သံစဉ်လေးများဖန်တီးရင်း ပြီးပြည့်စုံတဲ့ လောကပြဇာတ်တစ်ပုဒ်ကို သရုပ်ဖော်လျက်

minho အိပ်ရာကနိုးလာတာနဲ့ တူတော်မောင်ကိုအိပ်ရာနိုးဖို့တာဝန်က တစ်နေ့တာလုပ်ရမဲ့အရာတွေထဲမှာ အရင်ဦးဆုံးလုပ်ရမယ့် တာဝန်တစ်ခုပင်

Minho : kyungsoo အိပ်ရာကမထသေးဘူးလား မင်းဒီနေ့ဘယ်မှမသွားရဘူးလား

Kyung : samchun ကျွန်တော်နိုးနေပြီ

Minho : ဒီနေ့ကျတော့ အစောကြီးနိုးတာပဲ ဟင်...

Kyung : ဘာဖြစ်လို့လဲ samchun

Minho : kyungsoo နေကောင်းရဲ့လား

Kyung : နေကောင်းပါတယ် ဘာလို့လဲ

Minho : aww တစ်ခါမှ ကိုယ့်ဘာသာအိပ်ရာမထဖူးတဲ့သူက အစောကြီးလည်းနိုးတယ် ပြီးတော့ အခုလည်းကြည့်အုံး apron ဝတ်ပြီး မီးဖိုချောင်ထဲကထွက်လာတာဆိုတော့ အံသြလို့ပါ ဒါနဲ့ဘာတွေလုပ်နေတာလဲ

Kyung : မနက်စာပြင်နေတာလေ

Minho : အရင်မနက်စာလေးပြင်ပေးပါဆို အပျင်းထူနေပြီးတော့ အခုကျတော့ ဘယ်လိုဖြစ်တာလဲ ဘာတောင်းဆိုစရာရှိလို့လဲ အမှန်တိုင်းပြောစမ်း

Kyung : ဟီး ဟီး samchun ဒီနေ့ကျွန်တော် vocal training စမှာဆိုတော့ ဆိုင်မှာကူလို့ရတော့ဘူး အာ့ကြောင့် samchun ကိုတစ်ဖက်ကကူညီတဲ့အနေနဲ့ မနက်စာပြင်ပေးတာ

Minho: ဒီလိုကျတော့ ငါ့တူလေးက လိမ္မာသားပဲ ဒီနေ့ training စမှာလား

Kyung : nae

Minho : သေချာသင်နော် ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုပိုပြီး အာရုံစိုက် ပိုပြီးကြိုးစား

Kyung : nae samchun

Minho : ဒါနဲ့ မနက်စာဘာပြင်ထားတာလဲ

Kyung : kimchi ထမင်းကြော်

Minho : မစားရတာကြာပြီဖြစ်တဲ့ ငါ့တူလေးလက်ရာကိုစားရမှာပေါ့

Kyung : အများကြီးစား samchun ကျွန်တော် ရှယ်လုပ်ထားတာ

Minho : အေးပါကွာ စားမယ်စားမယ်

kyungsoo တို့ရဲ့ မနက်ခင်းလေးကတော့ သာယာလှပစွာ

............

Lovable Person Vs Valuable PersonWhere stories live. Discover now