luhan တစ်ယောက် xing ကိုရုံးခန်းထဲမှာထိုင်စောင့်နေရင်း kyungsoo ကိုတွေးမိသွားပြီးပြုံးမိသည်
သူ့စိတ်ထဲမှာလည်း kyungsoo အကြောင်းတွေးလိုက်တာနဲ့ကို အလိုလိုပျော်လာပြီး ပြုံးနေတတ်တာ အကျင့်တစ်ခုလိုဖြစ်သွားသည်
" kyungsoo မင်းကဘယ်လိုကောင်လေးလဲ ဘာကြောင့် ငါမင်းအကြောင်းတွေးမိတာနဲ့ ပြုံးမိလည်းမသိဘူး ငါအရင်တုန်းက အဲ့လိုမဟုတ်ဘူး ငါ့အတွေးထဲမှာရှိပြီး ငါ့ကိုပြုံးအောင်လုပ်ပေးနိုင်သူက omma ကလွဲပြီးမရှိခဲ့ဘူး အခုတလော ငါမင်းအကြောင်းတွေးမိတာနဲ့ကို စိတ်ထဲမှာနွေးထွေးတယ်လို့ခံစားရတယ် ဘာကြောင့်များလဲ မင်းမာ omma နဲ့တူတဲ့အချက် ဘာရှိလဲလို့ စဉ်းစားကြည့်ရင် မင်းအပြုံးက omma ပြုံးသလိုမျိုး နွေးထွေးတယ်လို့ခံစားမိလို့ ဟုတ်တယ် အဲ့တစ်ချက်ပဲရှိမယ် မင်းနဲ့ ခိုင်မာတဲ့ခင်မင်မှုတစ်ခုရချင်တယ် "
luhan စိတ်ထဲကနေတစ်ယောက်တည်း
တီးတိုးစကားဆိုနေရင်း စောစောကသူအရွေးခံရတယ်ပြောတုန်းက ပျော်သွားတဲ့ kyungsoo မျက်နှာလေးကိုတွေးမိပြန်တော့ ပြုံးမိပြန်သည်" kyungsoo မင်းကတော့ audition နေ့တည်းက ငါ့ကို အခွင့်အရေးယူလိုက်တာပဲ မင်းပျော်တာတော့ပျော်ပေါ့ ငါ့ကိုဘာလို့လာဖက်ရတာလဲ အဲ့လိုလုပ်တော့ ငါ့စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ် ဘ
်လိုပြောရမလဲ ရင်ခုန်တာလား ရင်တုန်တာလား ဘာမှန်းတော့သေချာမသိဘူး luhan မင်းဘယ်လိုဖြစ်နေတာလဲ မင်းအခုရင်ခုန်တယ်ပြောလိုက်တာလား သတိထားအုံး မင်းက samnamja လေ calm calm ဟူး… ဒါမဲ့ kyungsoo မင်းကချစ်ဖို့တော့ကောင်းတယ် မင်းကိုမြင်ရင် လူငယ်တစ်ယောက်ထက် ကလေးတစ်ယောက်လိုမြင်တယ် နောက်ဆိုမင်းနဲ့ တွေ့ရတော့မှာပါ "luhan တစ်ယောက်တည်းပြုံးနေမိတဲ့အချိန် xing ရောက်လာပြီး
Xing : ဘာတွေစဉ်းစားပြီးပြုံးနေတာလဲ luhan
Lu : ဘာရယ်လို့မဟုတ်ပါဘူး audirion ပြီးသွားပြီလား
Xing : imm ပြီးသွားပြီ
Lu : ဘယ်နှယောက်လောက်ရွေးဖြစ်လဲ
YOU ARE READING
Lovable Person Vs Valuable Person
FanfictionChanSoo , HanSoo ( yaoi ) Myanmar fan fiction ကျွန်တော် ချစ်ရတဲ့သူနဲ့ တန်ဖိုးထားရတဲ့သူ အဲ့နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဆိုရင်...