Lovable Person Vs Valuable Person-Part.20

878 85 0
                                    

Yeol : suho hyung ပြန်ရောက်နေပြီလား

Suho : မနေ့ကတည်းက ပြန်ရောက်တာ

Yeol : kyungsoo ရော...?

Suho : kyungsoo ကအဲ့မှာနေခဲ့တယ်လေ schedule လည်းမရှိသေးတော့ အေးဆေးလည်မှာပေါ့ သူလည်းတစ်ခါမှရောက်ဖူးတာမှမဟုတ်တာ

Yeol : ဒါဆို luhan hyung အိမ်မှာပဲပေါ့

Suho : ဟုတ်တယ်လေ luhan ကတာဝန်ယူပြီး guide လုပ်ပေးလိမ့်မယ်

yeol နဲ့ suho စကားပြောနေတဲ့နေရာကို ipad တစ်လုံးကိုင်ကာ xing လျှောက်လာရင်း suho ကိုမေးခွန်းတစ်ခုမေးလိုက်သည်

Xing : suho Beijingမှာ kyungsoo တစ်ယောက်ပဲနေခဲ့တာလား

Suho : အင်းဟုတ်တယ် ဘယ်လိုလုပ်သိတာလဲ အဲ့အကြောင်းလဲမပြောရသေးပဲနဲ့

Xing : luhan fansite တစ်ခုက တင်လိုက်တဲ့ photo မှာ jongdae မပါလာလို့လေ ပြီးတော့ title ကလည်းရယ်ရတယ် kpop fan တွေလို့မပြောမှာကျလို့

Suho : title ကဘာမို့လို့လဲ

Xing : luhan နဲ့ kyungsoo dating ဆိုပြီးလေ

Suho : ဟုတ်လား ပြပါအုံး

suho လည်းphotoတွေကိုတစ်ချက်ယူကြည့်လိုက်သည်

Suho : မနေ့က ငါနဲ့jongdae ကိုလေဆိပ်လိုက်ပို့ပြီးလျှောက်လည်ကြတယ်နဲ့တူတယ် ဒီလိုကြည့်လိုက်တော့လည်း luhan နဲ့kyungsoo ကညီအကိုတွေနဲ့တူလိုက်တာ

suho ဘေးကနေphotoတွေလိုက်ကြည့်နေတဲ့ yeolမှာတော့မနာလိုမှုလား အားကျမှုလား ဆိုတာဝေခွဲမရဖြစ်နေသည် မနာလိုဘူးပြောရအောင်လည်း kyungsooနဲ့luhan ဆိုတာသူယုံကြည်ရတဲ့သူတွေဖြစ်သည် အားကျတယ်လို့ဆိုရအောင်လည်း kyungsoo အချစ်ကိုရထားတဲ့သူက သူကိုယ်တိုင်ဖြစ်သည် ဒါမဲ့ Seoul မဟုတ်တဲ့အခြားနေရာမှာ kyungsoo နဲ့အတူလျှောက်လည်ရတဲ့သူက သူမဟုတ်ခဲ့တာကိုတော့ နည်းနည်းမကျေနပ်သလိုပင် luhanနဲ့kyungsoo ရဲ့photoလေးတွေကိုကြည့်ရင်း yeol
စိတ်ထဲတစ်မျိုးတစ်မည်ခံစားလိုက်ရသည်မှာ အမှန်ပင်ဖြစ်သည် အဲ့အမည်မဖော်နိုင်တဲ့ ခံစားချက်က ဘာလဲဆိုတာကိုတော့ သူမသိပါ မစဉ်းစားမိတာဆိုမှန်လိမ့်မည်

Lovable Person Vs Valuable PersonDonde viven las historias. Descúbrelo ahora