Lovable Person Vs Valuable Person-Part.24

902 93 6
                                    

kyungsoo တစ်ယောက် စိတ်လှုပ်ရှားနေမိသည်မှာအမှန်ပင် ဒီနေ့yeolရဲ့ အဖေနဲ့အမေကို သွားတွေ့မယ့်နေ့ဖြစ်သည် အတတ်နိုင်ဆုံးအဆင်ပြေအောင် ဝတ်စားထားသော်ငြား မိန်းကလေးတစ်ဦးထက် ပိုတုန်လှုပ်နေရသည် အဘယ်ကြောင့်ဆိုသော် သူဟာမိန်းကလေးတစ်ယောက် မဟုတ်သောကြောင့်ပင်…

ဘေးနားမှာ ကားမောင်းရင်း သူ့ကိုတစ်ချက်တစ်ချက် လှမ်းကြည့်သောyeolကို ပြန်လှည့်မကြည့်နိုင်အောင်ပင် စိတ်လှုပ်ရှားနေသည် အမှန်တိုင်းပြောရလျှင် ကြောက်စိတ်ဝင်နေမိတာပါ အဘယ်ကြောင့်ဆိုသော် သူကမိန်းကလေး မဟုတ်ဘူးလေ…

yeol လမ်းဘေးကို ကားခဏထိုးရပ်လိုက်ပြီး kyungsoo ဘက်ကိုကြည့်လိုက်သည်
ကားရပ်သွားတာတောင်မရိပ်စားမိတဲ့ kyungsoo ကိုသူအပြစ်မတင်ပါလေ… အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်းတုန်လှုပ်နေမိသည် အဖေနဲ့အမေရဲ့တုန့်ပြန်ချက်က ဘယ်၍ဘယ်ပုံ ဖြစ်မည်သူမသိ… သို့သော် ဘေးမှာရှိနေတဲ့ ကောင်လေးရဲ့လက်ကို လွှတ်ဖို့စိတ်ကူး မြူမှုန်တစ်စမျှမရှိတာအမှန်ပင်…

Yeol : kyunggie

Kyung : ဟင်…ဘာလို့လဲ

Yeol : အရမ်းစိတ်လှုပ်ရှားနေလား

kyungsoo စကားနဲ့မဖြေပဲ ခေါင်းလေးအသာငြိမ့်ပြသည်

Yeol : ဘာမှမစိုးရိမ်နဲ့ ဘေးမှာကိုယ်တစ်ယောက်လုံးရှိနေမှာပဲ

Kyung : ……

Yeol : စိတ်ချပါ ကိုယ်မင်းလက်ကို ဘယ်တော့မှလွှတ်မှာမဟုတ်ဘူး ဘာမှမစိုးရိမ်နဲ့နော် ရဲရဲဝင့်ဝင့်ရင်ဆိုင်ကြတာပေါ့ တစ်နေ့ဒီလိုနေ့မျိုးရောက်လာမှာသိနေတာပဲ မဟုတ်ဘူးလား…

Kyung : yeol ဘေးမှာရှိနေမယ်ဆို အားလုံးအဆင်ပြေပါတယ်

yeol နောက်ထပ်ဘာစကားမျှမဆိုပဲ အားပေးထွေးပွေ့မှုနှင့်သာ kyungsoo အား စိတ်အေးစေမိသည်

ထို့နောက် ကားလေးကိုစက်ပြန်နှိုးပြီး ကနဦးအခြေပြုရာ yeolရဲ့နေအိမ်သို့ အသာအယာ မောင်းသွားလိုက်သည်

~~~~~~~~~~

Yeol's appa : သားရောက်လာပြီလား လာမြန်မြန်အိမ်ထဲဝင်လေ ဘာလုပ်နေတာလဲ

Lovable Person Vs Valuable PersonKde žijí příběhy. Začni objevovat