Lovable Person Vs Valuable Person-Part.28 (final)

1.5K 106 18
                                    

kyungsoo's POV

အချိန်တွေကုန်တာမြန်ခဲ့တယ် ကျွန်တော်နဲ့yeolလမ်းခွဲခဲ့တာ တစ်နှစ်ဆိုတဲ့အချိန်ကာလကိုကျော်လွန်ပြီး နှစ်နှစ်ဝန်းကျင်ဖြစ်နေပြီ yeolတို့ရဲ့အိမ်ထောင်သက်တမ်းလည်း အဲ့လောက်ရှိပြီပေါ့

အရာအားလုံးသူ့ဟာနဲ့သူအဆင်ပြေပြေ လည်ပတ်နေပါတယ် ကျွန်တော်လည်းဒီလိုပါပဲ အဆင်ပြေပါတယ် yeolလည်းအဲ့လိုပဲဖြစ်မှာပါ ခံစားခဲ့ရလားလို့မေးရင် ကျွန်တော်နာကျင်ခံစားခဲ့ရတယ် သူလည်းအဲ့လိုပဲဖြစ်ခဲ့တာ ဆုံးဖြတ်ချက်ကိုနှစ်ဦးသဘောတူလုပ်ခဲ့တာမို့ အချိန်တိုအတွင်းမြန်မြန် သက်သာရာရခဲ့တယ်

အခုချိန် yeolနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေး ဘယ်လိုလဲလို့မေးရင် ကျွန်တော်အရိုးသားဆုံးဖြေလိုက်မယ် သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးဟာ သူငယ်ချင်းလို ညီအစ်ကိုလို agencyတစ်ခုတည်းမှာအလုပ်လုပ်တာကြောင့် လုပ်ဖော်ကိုင်ဖက်တွေပါ အဲ့ထက်လည်းမပိုသလို အဲ့အောက်လည်းမလျော့ပါဘူး

yeolနဲ့baek လည်းအဆင်ပြေပါတယ် တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေးရှိကြပါတယ် baek က yeolကိုအရမ်းဂရုစိုက်တာ မြင်နေရတဲ့ကျွန်တော်စိတ်ချမ်းသာတယ် ဒီစကားမှာ အလိမ်အညာလုံးဝမပါဘူးဆိုတာ ကျွန်တော်အာမခံနိုင်တယ်

ကျွန်တော်လည်းဆိုးတူကောင်းဖက် သူငယ်ချင်းတွေများလာပါတယ် yeolရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ kai နဲ့ sehunဆိုရင် သူတို့အားတာနဲ့ ကျွန်တော့်ဦးလေးဆိုင်မှာရှိတတ်တယ် အလုပ်ကူပေးသလိုနဲ့နှိုက်စားတာများများရယ် ဒါမဲ့လည်းသူတို့နဲ့ရှိနေရင် ရယ်နေရတာများတယ် အဲ့နှစ်ယောက်ရှိတဲ့အချိန် ကျွန်တော့်ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Xiumin နဲ့ tao ရှိရင်ဆူညံနေတာ ဘာလို့လဲဆိုရင် ဟိုနှစ်ယောက်က သူတို့နှစ်ယောက်ကိုလိုက်စ ပြီးရင်ဟိုကဒေါသဖြစ်လာရင်ပတ်ပြေးနဲ့ ဟုတ်နေတာပဲ တစ်ခါတစ်လေ yeolနဲ့baekလည်းရောက်လာတတ်တယ် အဲ့အချိန်ဆိုရင်လည်း ပိုပြီးပွဲစည်တယ်လို့ပြောလို့ရပါတယ်
ကျွန်တော့်အိမ်က သူတို့တွေရဲ့ကစားကွင်းလိုပဲ

Lovable Person Vs Valuable PersonWhere stories live. Discover now