ုဟုတ်ကဲ့ ကိုကို
Part 5နမ်းနေကြတာ ... ကိုကိုနဲ့ သူ့ကောင်မလေး ..တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာနဲ့ နမ်းနေကြတာ ...
သူမ ခြေလှမ်းတွေ အနောက်ကို တစ်လှမ်းဆုတ်လိုက်တော့ ရင်ထဲ ဟာခနဲ ...
သူမရပ်နေတာ လှေကား ထိပ်မှာဆိုတော့ ...
ဒါပေမဲ့ သူမ လှေကားပေါ်ကနေ ပြုတ်ကျမသွားခဲ့ပါဘူး ..
သူမကို နောက်ကနေ လှမ်းထိန်းပေးလိုက်တဲ့ သူတစ်ယောက်ကြောင့် သူမ ပြုတ်မကျခဲ့ပေမဲ့ သူမ နှလုံးသားကတော့ ကြွေကျနေခဲ့ပြီလေ ....
~~~~~~~
'Su ရလား '
သူ့ကို မြင်လိုက်တော့ စိတ်ထဲ တစ်မျိုး ဖြစ်သွားပေမယ့်
'ရပါတယ် ကျေးဇူးပဲ '
သူထိန်းပေးထားလို့ သူ့ရင်ခွင်ထဲ ရောက်နေတဲ့ ကိုယ်ကို မတ်လိုက်ရင်း ပြောလိုက်သည်
ပြီးတော့ အောက်သို့ ဆင်းခဲ့သည် ...
သူ နောက်က ပါလာသည်ကို မသိပါ ....
~~~~~~
'ဟိုမှာ Su ... ဟာ ငိုနေတာလား '
'အေးလေ အပေါ်ထပ်က ဆင်းလာပြီး ငိုသွားတယ်ဆိုတော့ အပေါ်မှာ ဘာတွေ့လာတာလဲ '
သူတို့ စဉ်းစားနေတုန်း Kris တို့စုံတွဲ အပေါ်က ဆင်းလာသည်
သူတို့နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိလိုက်ပြီး
'Kris Su မင်းဆီလာသေးလား ခုနက အပေါ်က ဆင်းသွားပြီး ငိုသွားတယ် '
'ဘာ !!!!!!'
ဒါဆို သူနဲ့ Seol နဲ့ ကို မြင်သွားတာလား ......
သူ စိတ်ထဲမှာ အံ့သြပြီး Su ကို သနားသွားပေမယ့် အပြင်မှာတော့
'မတွေ့ပါဘူး '
'အော် အင်း '
သူ ပြောပြီး Seol လက်ကို ဆွဲကာ အတန်းဆီသို့ ....