ဟုတ်ကဲ့ ကိုကို
Part 7သူမ မနေ့ညက ဟိုအကြောင်း ဒီအကြောင်းတွေ စဉ်းစားရင်းနဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် ...
သူမ ကိုကိုတို့ ကိုကိုChanyeol တို့နဲ့ အရင်ကလို ပျော်ပျော်ရွှင်ရွှင် ပြန်နေတော့မယ်လို့ ...
အရင်ကဆို သူမ အခန်းထဲလာတိုင်း စတတ်တဲ့ ကိုကိုYeol ဟာ ခုဆို သူမ မျက်နှာတည်ကြီးနဲ့ လာတာမို့ မစတော့တာ ...
အရင်က သူမ အခန်းထဲသွားတိုင်း ရန်ဖြစ်နေတတ်တဲ့ ကိုကိုYeol နဲ့ ကိုကိုHun ဟာ သူမကို မြင်လဲ စကားသံတွေ တိတ်သွားတတ်တာ ..
အဲ့ဒါတွေ အားလုံး သူမ ကြောင့်ပါပဲ ...
သူမကြောင့်ပဲ သူ့တို့ပါ မရယ်နိုင် မမောနိုင် ဖြစ်နေတာမို့ သူမ အရင်လို ပြန်နေဖို့ ကြိုးစားတော့မယ် ...
ဒါမှ အားလုံး ပျော်ရွှင်ရမှလေ.....
သူမအတွေးတွေနဲ့ ကျောင်း ရောက်သွားမှန်းတောင် မသိလိုက် ...
ကားပေါ်က ဆင်းခဲ့ပြီး လက်ထဲက ကိုကို့အတွက် မုန့်ဘူးလေး ဆွဲလျက် ကိုကိုတို့ အခန်းဆီသို့ ....
~~~~~~~~
ကိုကိုတို့ အခန်းထဲရောက်တော့ ကိုကိုနဲ့ကိုကို့ချစ်သူ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ စကားပြောနေတဲ့ မြင်ကွင်းက ရင်ထဲ အရမ်းနာပေမယ့် ဟန်ဆောင် ပြုံးလိုက်ပြီး .
'ကိုကိုတို့ Su လာတယ် '
'Su နင်လာတာ ဆန်းလို့လား '
'ဟုတ်ပါ့ အရေးတကျယ် ပြောနေသေးတယ် '
ိကိုကိုYeol နဲ့ ကိုကိုHun က အတိုင်အဖောက် ညီနေသည် ....
'အံ့မယ် Su က ဒီနေ့ ကိုကို့အတွက်ပါ ပိုလုပ်လာခဲ့တာ မစားချင်ရင်လဲ .... '
'ဘယ်သူက မစားဘူး ပြောလို့လဲ Su ရဲ့ '
ကိုကိုyeol ရော ကိုကိုhun ပါ ဖားနေတဲ့ မျက်နှာနဲ့ Su အနား တိုးလာကြသည် ..