ဟုတ်ကဲ့ ကိုကို
Part 9'ကလင် ကလင် ကလင် '
'Yay ... ကျောင်းဆင်းပြီကွ ဗိုက်ဆာပြီ '
Baek က ပြောလိုက်ပြီး ထရပ်လိုက်တာနဲ့ အခန်းရှေ့မှာ ကိုကိုတို့အဖွဲ့ရောက်လာတယ် .
'သွားကြစို့လေ Baek '
'ငါတို့ ကိုယ့်ဟာကိုယ် သွားမယ် '
'ဘာလို့လဲ '
'သူတို့နဲ့ မသွားချင်လို့ပေါ့ '
'ဘာလဲ ကိုကိုyeol နဲ့ ရန်ဖြစ်ထားပြန်ပြီလား '
Baek က မဖြေ ..မျက်နှာကလဲ ပုံမှန်မဟုတ် .
ထိုစဉ် ကိုကိုYeol က အခန်းထဲ ဝင်လာကာ Baek ဘေးကို သွားလိုက်ပြီး Baek လက်ကို ဆွဲကာ'လာ သွားမယ် '
'ဘယ်သူက လိုက်မယ်ပြောလို့လဲ လွတ် '
'မရဘူး သွားမယ် '
ကိုကိုyeol က ပြောပြီး Baek ကို ဇွတ် ဆွဲခေါ်သွားသည် . ကျန်ခဲ့တာ Su Lu Hun Kris Minho ..
'Minho လိုက်မှာလား ကန်တင်းကို '
'လိုက်လို့ရလား '
'ရတာပေါ့ '
'အာ့ဆို လိုက်ခဲ့မယ် '
အတိုင်အဖောက် ညီညီ ပြောနေတဲ့ Suနဲ Minho ကို ကြည့်ပြီး Kris တစ်ယောက် ဒေါသထွက်နေမိတယ် .. ဘာလဲ သူတို့နှစ်ယောက်က ...
ကန်တင်းကို တူတူ လျောက်လာကြရင်း Su နဲ့ Minho ကတော့ စကားတပြောပြောနဲ့ ပေါ့ .Lu နဲ Hun ကလဲ အတွဲဆိုတော့ တီးတိုးတီးတိုး သဖန်ပိုးလုပ်နေကြတယ် .တစ်ယောက်ထဲ ဖြစ်နေတာက Kris .
*Su ကလဲ ဟိုကောင်နဲ့ စကားပြောနေတာ ပြုံးနေတာပဲ ငါနဲ့ကျ အဲ့လိုမပြုံးဘူး *
လမ်းလျောက်လာရင်းနဲ့ ကန်တင်းသို့ ရောက်လာကြပြီလေ .
ထိုင်လိုက်တော့ ကိုကိုက Su ဘေးမှာ Luနဲ့ ကိုကိုhun ကတော့ Su တို့ မျက်နှာချင်းဆိုင်မှာ .Minho ကတော့ Su နဲ့ကပ်လျက် စားပွဲ ထိပ်ခုံမှာပေါ့ ...
'ကဲ ဘာစားမလဲ ပြောကြ ကိုကို ဘာစားမှာလဲ Minho ရော '
ကိုကို ဘာစားမှာလဲ ဆိုတဲ့စကားကို ကျေနပ်သွားပေမယ့် နောက်က စကားကြောင့် သူ စိတ်ထဲ မကြိုက် ဖြစ်သွားသည် .