ဟုတ်ကဲ့ ကိုကို
Part 14ကိုကိုနဲ့ ကစားကွင်းရောက်တော့ ပထမဆုံး ရေလွှာလျောစီး စီးသည် .. စီးပြီးတော့ သရဲ အိမ်ဝင်တော့ ကိုကိုက မကြောက်ပါနဲ့ သူရှိပါတယ်တဲ့ ..
တကယ်လဲဝင်ရော ကိုကိုက ပိုကြောက်နေတာ .. ကိုကိုက ကြောက်လေ Su က ရယ်လေ ..
ကိုကိုက Su သူ့ကို ရယ်နေတာကို စိတ်ဆိုးသွားသည် ..
သရဲအိမ်က ထွက်လာတော့ ကိုကိုက စိတ်ဆိုးနေသည် ..Su ကပဲ နောက်ကနေ လိုက်ချော့ရတာပေါ့ ..
'ကိုကို စိတ်မဆိုးပါနဲ့ နောက်ဆို Su မရယ်တော့ပါဘူး နော်လို့ '
ကိုကိုက ဘာမှ မပြောပဲ သူမလက်ကို ဆွဲလိုက်ပြီး
'ဘာစီးမှာလဲ '
'ကိုကို စိတ်ဆိုးပြေသွားပြီလား '
'မဆိုးပါဘူး ဘယ်တုန်းက ဆိုးလို့လဲ '
'အင်းပါ ကိုကိုရဲ့ ခု Roller Coaster စီးမယ် '
'အင်း သွားမယ် '
Roller Coaster စီးတော့လဲကိုကိုက Su လက်ကို ကိုင်ထားတာ တင်းကြပ်နေတာပဲ ...
Su ကတော့ ပျော်လွန်းလို့ အော်နေမိသည် . ကိုကိုကတော့ ခေါင်းကြီးကို ငုံ့လို့ ..
Su မရယ်ရက်တော့ပဲ ကိုကို့ကို သနားသွားသည် ..ကိုကိုက မစီးရဲပဲ Su စီးချင်လို့ စီးပေးခဲ့တာပေါ့ ..
စီးပြီးတော့ ကိုကိုလက်ကို သေချာဆုပ်ကိုင်လိုကိပြီး
'ကျေးဇူးတင်ပါတယ် ကိုကို '
'ဘာအတွက်လဲ '
'Su ကို ဒီကစားကွင်းကို လိုက်ပို့ပေးလိုက်ပေါ့ '
'အင်း နောက်ဆို Su သွားချင်နေတဲ့ နေရာတွေ ကိုကို့ကို ပြောထားလေ တစ်ရက်စီ လိုက်ပို့ပေးမယ် ဟုတ်လား '
'ဟုတ်ကဲ့ ကိုကို '
အဲ့နေ့က Su တို့ နှစ်ယောက် ပျော်ရွှင်စွာ အိမ် ပြန်လာခဲ့ကြသည် ...