Part 10

1.5K 188 6
                                    

ဟုတ်​ကဲ့ ကိုကို
Part 10

သူ Su တို့ ရှိတဲ့ ​နေရာ​ရောက်​​တော့ Su ပခုံး​ပေါ်မှာ ထို​ကောင်​ရဲ့ လက်​ တင်​ထားသည်​ ...

သူ​ရောက်​လာ​တော့ သူမက အံသြသွားတဲ့ ပုံစံ​လေးနဲ့ ..

'ကိုကို ဘာဖြစ်​လို့လဲ '

'​ပြောစရာ ရှိတယ်​ ခဏလိုက်​ခဲ့ '

ပြောပြီး သူမလက်​တစ်​ဖက်​ကို ဆွဲလိုက်​သည်​ ..
သူမက သူ့လက်​ကို တားလိုက်​ပြီး

'ခဏ​လေး​နော်​ ကိုကို Minho ကို အခန်းထဲ ပို့လိုက်​ဦးမယ်​ ခဏ​စောင့်​​နော်​ '

သူ ​ဒေါပွသွားကာ

'မရဘူး ခုချက်​ချင်း လိုက်​ခဲ့ '

'ကိုကိုကလဲ ခဏ​လေးပါဆို '

သူမက သွားဖို့ ​ခြေလှမ်း​ပြင်​​လိုက်​သည်

'မရဘူးလို့ ​ပြောနေတယ်​မလား '

သူ စိတ်​​တွေ တိုလာကာ ​အော်​လိုက်​သည်

'သူ့ကို အခန်းထဲ ပို့မှာမလား ရတယ်​ ​ဟေ့ ဟို​ကောင်​​လေး လာဦး '

ဘေးမှာ ရှိတဲ့ ​ကျောင်းသားတစ်​​ယောက်​ကို ​ခေါ်လိုက်​ပြီး Minho ကို တွဲခိုင်းလိုက်​ပြီး Su လက်​ကို ဆွဲကာ သူ့ဘက်​ကို ဆွဲလိုက်​ပြီး

'ဒီမှာ သူ့ကို ​သူ​ပြောတဲ့ အခန်းထဲ ပို့​ပေးလိုက်​ ကြားလား '

ထို​ကောင်​​လေးက ​ခေါင်းတဆတ်​ဆတ်​ ငြိမ့်​ပြီး Minho လက်​ကို ဆွဲကာ ​ခေါ်သွားလိုက်​သည်​ ..

'ကဲရပြီ မလား သွားမယ်​ '

သူမလက်​ကို ဆွဲပြီး ​ကျောင်း​ခေါင်​မိုး​ပေါ်ကို တက်​ခဲ့သည်​ ..​အ​ပေါ်​ရောက်​မှ သူမက လက်​ကို ရုန်းလိုက်​ပြီး

'ဘာ ​ပြောမလို့လဲ ကိုကို '

သူ ဘာ​ပြောရမလဲ မသိ .. တကယ်​​တော့ သူမကီုဟို​ကောင်​နဲ့ တွဲမမြင်​ချင်​လို့ ​ခေါ်လာတာ .. ခု​တော့ ဘာ​ပြောရမလဲ မသိ ..

'​ပြောစရာ မရှိဘူး မလား .ကိုကို ဘာလို့ ဒီလို​တွေ လုပ်​​နေလဲ SU နားမလည်​​တော့ဘူး ဒီလို​တွေ လုပ်​​နေတာ ကိုကို့Image ထိခိုက်​တယ်​ ဆိုတာ မသိဘူးလား '

ဟုတ်​ကဲ့ ကိုကိုOù les histoires vivent. Découvrez maintenant