ဟုတ်ကဲ့ ကိုကို
Part 2Su ဒီနေ့ sunday မို့ ကျောင်းမသွား ....ဒီနေ့ Su မွေးနေ့လေ
ခဏနေရင် Baek Lu တို့ကို မုန့်သွားကျွေးမယ် ....omma တို့နဲ့ကတော့ ည လူစုံမှပဲ ကိတ်ခွဲမယ်တဲ့ ...
su စိတ်မပါပဲ ရေမိုးချိုးကာ အကျီင်္လဲလိုက်သည် Baek တို့က ထွက်လာပြီတဲ့လေ
Su ရေချိုးပြီးသွားတော့ အောက်ဆင်းပြီး ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်စောင့်နေလိုက်သည် ... ခဏကြာတော့ ခြံထဲကို Lexus ကားလေး ဝင်လာသည်
Su ထရပ်လိုက်သည် ... ကားက Su ရှေ့တင် ရပ်သွားသည် .. ကားထဲက လူတွေက Baek တို့တင် မဟုတ် ... Baek ချစ်သူ ကိုကို Yeol ရယ် Lu ချစ်သူ ကိုကို Hun ရယ်ပါ ပါသည်
'သွားစို့ Su ရေ '
'အင်း '
Su ကားပေါ်တက်လိုက်သည်
ကိုကို့မှာ သူငယ်ချင်းဆိုလို့ ကိုကို yeol တို့ပဲရှိတာကို ကိုကို yeol တို့က ဒီမှာဆိုတော့ ကိုကိုက ဘယ်သူနဲ့ သွားတာလဲ ?????
'ကိုကို '
'ပြောလေ '
'ကိုကိုရောဟင် '
ကိုကိုတွေ ရှုပ်နေပေမယ့် မေးတဲ့သူရော ဖြေတဲ့သူရော နားလည်သည်
'ကိုကိုတို့နဲ့ အဆက်အသွယ် မလုပ်ဖြစ်ဘူး မနေ့ကတည်းက .. ဘာဖြစ်လို့လဲ '
'ဘာမှ မဖြစ်ပါဘူး ဒီအတိုင်း မေးကြည့်တာပါ '
Su ဘေးပတ်ဝန်းကျင်ကိုသာ ငေးရင်း အတွေးများစွာဖြင့် .....
~~~~~~~~~~
Baek တို့က American Food ဆိုင် တစ်ဆိုင်ကိုသာ ရွေးလိုက်သည်
အားလုံး ပျော်ရွှင်စွာ စကားပြောကြ .. စားသောက်နေကြပေမဲ့ Su မှာတော့ မပျော်နိုင် ....
ကိုကို ဘယ်သူနဲ့ သွားလဲ ဆိုတာပဲ ကိုယ့်ဟာကိုယ် မေးလိုက် ဖြေလိုက်နှင့် အတွေးထဲမှာတင် ရှုပ်ရှက်ခက်နေသည် ..
![](https://img.wattpad.com/cover/62415018-288-k511874.jpg)