ဟုတ်ကဲ့ ကိုကို
Part 2Su မနက်စောစောထပြီး ကိုကို့အတွက် မနက်စာပြင်ပြီး အပေါ်တက်ကာ ရေ တစ်ခါတည်းချိုးလိုက်သည် ...
ဝတ်နေကျ ဂါဝန်အရှည် တစ်ဆက်ထဲကို ဝတ်လိုက်ပြီး ခါးလည်လောက် ရှိတဲ့ဆံပင်ကို မြှောက်စည်းလိုက်သည် ...
ဒါမှ ကိုကိုပေးထားတဲ့ ဆွဲကြိုး ပေါ်မှာလေ ....
ရင်ဘတ်လေးပေါ်မှာ တဖျတ်ဖျတ်လက်နေတဲ့ ဆွဲကြိုးလေးကို ကြည့်ပြီး ပီတီတွေ ဖြစ်ပြီး Su တစ်ယောက်ထဲ ရယ်မိနေသည် ....
လက်မှာ ပတ်ထားတဲ့ နာရီကို ပင့်ကြည့်လိုက်တော့ ၈ နာရီ ....အစောကြီး ရှိသေးတယ် ...
Su လဲ အားနေတာနဲ့ ကိုကိုတို့ အိမ်ဘက်သွားသည် ... ကိုကိုတို့အိမ်ထဲရောက်တော့ ကိုကို့မေမေက မီးဖိုထဲမှာ မနက်စာအတွက် ပြင်ဆင်နေသည်
'omma ဘာတွေ ပြင်နေတာလဲ '
Su ငယ်ငယ်ကတည်းကခေါ်နေကျမို့ omma ပဲ ခေါ်တာလေ ....
'ဟယ် လန့်လိုက်တာ သမီးရယ် '
'mian omma su က omma ဘာလုပ်နေလဲ လာကြည့်တာ '
'ဟုတ်ပါပြီရှင် သားအဖေအတွက် ကြက်ပေါင်းလုပ်နေတာလေ သမီးလေး ဒီနေ့ လှလို့ပါလား '
'Hee hee ဒီမှာလေ omma ကိုကိုပေးတဲ့လက်ဆောင် '
သူမ လည်တိုင်က ဆွဲကြိုးလေးကို ပြလိုက်သည်
'သားက သမီးလေး မွေးနေ့ကို မမေ့ပါဘူးကွယ် ဒါနဲ့ ဆွဲကြိုးလေးက လှတယ်နော် သမီးနဲ့လိုက်တယ် '
'တကယ်လား omma '
'တကယ်ပေါ့ သမီးရဲ့ '
'Gomawo omma '
သူမ ပြောပြီး omma ပါးကို နမ်းလိုက်သည်
'သမီး မနက်စာ စားပြီးပြီလား '
'ဟင့်အင်း မစားရသေးဘူး '
'ဒါဆို ဝင်စားလိုက်လေ omma သားအဖေကို သွားခေါ်လိုက်မယ် '