ဟုတ်ကဲ့ကိုကို
Part 12*Su မနက်ဖြန် နေ့လည် ကျောင်းလည်က ဘောလုံးကွင်းကို လာခဲ့နော် *
ကိုကိုဆီက ဝင်လာတဲ့ Msg ကို ဖတ်နေတာ အခါ တစ်ရာ မကတော့ တစ်ထောင်ရှိနေပြီ ထင်...
ပျော်ပြီး ဖုန်းကို လက်ထဲက မချတာ ကိုကို့msg ရောက်လာကတည်းကလေ ..
ဟိဟိ ပျော်လိုက်တာ ..
အယ် မနက်ဖြန် ဘာဝတ်သွားရင် ကောင်းမလဲ ..
Su အမြဲဝတ်နေကျ ဂါဝန်အရှည်ထဲက လှတဲ့ အပြာရောင်လေး ကို ရွေးလိုက်သည် .ပြီးတော့ ဖိနပ်ဘီရိုထဲက အပြာရောင် High Heel လေးကို ထုတ်လိုက်ပြီး တွဲဖက်ကြည့်လိုက်တော့ အရမ်း လှနေသည် ..ကိုယ့်ကိုကိုယ် အရမ်း ကျေနပ်သွားသည် ..
လက်ထဲက ဖုန်းလေးကို ပြန်ဖွင့်လိုက်ပြီး Msg လေးကို ပြန်ဖတ်လိုက်ပြီး တစ်ယောက်ထဲ ပြုံးနေမိသည်လေ ..
Su တော့ ကိုကိုကြောင့် ရူးနေပြီ ထင်ပါရဲ့ ....
~~~~~~~~~~
သူမ မနက်စောစော ထပြီး မျက်နှာကို စိတ်လိုလက်ရ ပြင်ဆင်နေသည် .. ပြင်ဆင်တာ ကြိုက်ပြီဆိုမှ မှန်တင်ခုံရှေ့က ထကာ အကျီင်္ဝတ်ပြီး ဖိနပ်စီးလိုက်သည် ..
မှန်ထဲမှာ ခန္တာကိုယ်ကို တစ်ပတ်ပတ်လိုက်ပြီး ကျေနပ်ပြီ ဆိုတော့မှ အောက်ကို ဆင်းခဲ့သည် ...
'Wow မေ့မေ့ သမီးလေး သိပ်လှနေပါ့လား ဘယ်သူနဲ့ ချိန်းထားလို့လဲ '
'hee hee Secret မေမေ . ပြန်လာမှ ပြောပြမယ် '
'ဟုတ်ပါပြီရှင် '
သူမ မေမေ့ကို နှုတ်ဆက်ကာ ကားဖြင့် ကျောင်းကို ထွက်ခဲ့သည် ....
~~~~~~~~~~
ကျောင်းရောက်တော့ Baek တို့တောင် ရောက်နေပြီလေ .
'Wow မိန်းမ သိပ်ကို လှနေပါလား '
'လှမှာပေါ့ Baek ရဲ့ သူက ဒီနေ့ အဓိက ဇာတ်ကောင်ကိုးး '
![](https://img.wattpad.com/cover/62415018-288-k511874.jpg)