ဟုတ်ကဲ့ ကိုကို
Part 12'ကိုကို '
'အင်း'
'Su ကို ဘယ်တုန်းက စချစ်သွားတာလဲ '
Su နဲ့ကိုကို Su တို့ခြံထဲက ဒန်းလေးပေါ်မှာ အတူတူ ထိုင်နေရင်း မေးလိုက်သည် ..
ကိုကိုက တစ်ချကိပြုံးလိုက်ပြီး
'အင်း စချစ်တာတော့ ကြာပြီကွ ကိုယ့်ရဲ့ မသိစိတ်မှာ ချစ်နေတာ ကိုယ့်ရဲ့ သိစိတ်မှာကျ Su က ငါ့ကို ချစ်နေတာဆိုပြီး မာန်တက်နေပုံရတယ် ဟ ဟ . ဒါပေမယ့် '
'ဒါပေမယ့် ဘာဖြစ်လဲ ကိုကို '
'ဒီအတိုင်း ဖြေလို့ ဘယ်ဖြစ်မလဲ '
ကိုကိုက ပြောပြီး ပါးတစ်ဖက် ထိုးပေးသည် ..
သူမ ပြုံးလိုက်ပြီး နမ်းလိုက်သည် ..
'ပြောတော့လေ ကိုကို '
'ဒါပေမယ့် အခု အရမ်းချစ်နေပြီလို့ ပြောမလို့ပါကွာ '
'တကယ်လား '
'တကယ်ပေါ့ '
'ဟုတ်ကဲ့ ကိုကို '
သူမ ပြောပြီး သူ့ရင်ခွင်ထဲ တိုးဝင်လိုက်သည် ..
သူက တင်းကြပ်စွာ ဖက်လိုက်ပြီး
'ကိုယ်တို့ ချစ်သူဖြစ်နေတာကို မိဘတွေကို ဖွင့်ပြောရအောင် '
'ဘာလို့လဲ ကိုကို စောသေးတယ် မဟုတ်လား '
'မစောတော့ပါဘူးကွာ ကိုယ် Su နဲ့ တူတူ နေချငိပြီ '
ကိုကို အဲ့လိုပြောလိုက်တော့ Su ပျော်လိုက်တာမှ အရမ်းပဲ . ဒါပေမယ့် သူ့ကို ဂျစ်တိုက်ချင်တဲ့ စိတ်လေးကလဲ ရှိနေပြန်တော့ .
'ဟွန့် သွားပါ ခုကျမှ တူတူ နေချင်နေ . အရင်ကဖြင့် ဂရုမစိုက်ပဲနဲ့ '
သူမ စိတ်ဆိုးချင်ယောင်ဆောင်ပြီး သူ့ကို ကျောပေးကာ ထိုင်လိုက်သည် ..
သူက သူမကို ကျောဘက်ကနေ သိုင်းဖက်လိုက်ပြီး'အရင်တုန်းက ကိုယ့်စိတ်ကို မသိခဲ့တာပါဆိုနေ ခု အရမ်းချစ်တယ်ကွာ တူတူလဲ နေချင်ပြီ ပြီးတော့ '