ဟုတ်ကဲ့ ကိုကို
Part 11'Good Morning'
Baek အခန်းထဲ ဝင်လာပြီး အော်ကာ နှုတ်ဆပ်လိုက်တဲ့ အသံပါ ..
'အံမယ် မိန်းမ ပျော်နေပါလား '
'ဒါပေါ့ ပျော်တာပေါ့ '
'ဘာလဲ ကိုကိုYeol နဲ့ အဆင်ပြေလာပြီလား '
'ဟိဟိ ဟုတ်တယ် ကိုကို မနေ့က ငါ့ကို ချော့တယ် နင်တို့ ကျေးဇူးကြောင့်ပေါ့ဟာ '
'ဟဲဟဲ သိရင် ပြီးတာပဲ '
သူတို့ စကားပြောနေတုန်း ကိုကို တို့ ဝင်လာသည် .
Yeol က Baek ဘေးရောက်သွားပြီး
'Morning Baek '
ပြောပြီး နဖူးလေးကို နမ်းလိုက်သေးသည် ...
'Morning Koko '
သူတို့နှစ်ယောက် ဖြစ်နေပုံကို ကျန်တဲ့သူတွေ ငေးကြည့်နေကြတယ်လေ ..
ခု အဆင်ပြေသွားတော့ တစ်မျိုးဆိုတဲ့ အကြည့်တွေပေါ့ ...
'ကဲ နှုတ်ဆက်တာတွေ ဘာတွေ ပြီးသွားရင်လဲ အခန်းပြန်ရအောင်လေ '
Hun က ပြောလိုက်သည် ..
သူတို့ ကိုယ့်အခန်းကို ပြန်လာခဲ့ကြသည် ..
သူ အခန်းထဲရောက်မှ Su ဆီ msg ပို့လိုက်သည် ..
'နေ့လည် ကျောင်းဆင်းရင် ကျောင်းခေါင်မိုးပေါ် လာခဲ့ ပြောစရာ ရှိတယ် '
ဟုတ်ပါတယ် သူ ဒီနေ့ Su ကို ဖွင့်ပြောတော့မယ် .
သူ့အတွက် တောက်လျောက်စိတ်ပင်ပန်းလာခဲ့တဲ့ သူမအတွက် သူ့ရင်ခွင်မှာပဲ နားခိုခွင့် ပေးတော့မယ်လေ ...
~~~~~~~~~~
ကျောင်းဆင်းတော့ သူ Yeol တို့ကို ပြောပြီး ကျောင်း ခေါင်းမိုးပေါ် တက်ခဲ့သည် ..
အပေါ်ရောက်တော့ သူမ မရောက်သေး ..
ဟုတ်တာပေါ့ သူမ အဆောင်နဲ့ ကျောင်းခေါင်မိုးက အနည်းငယ်လှမ်းသည်လေ ..