Part 4

1.5K 182 18
                                    

ဟုတ်​ကဲ့ ကိုကို
Part 4

သူမ ကိုကို့အခန်း​ရှေ့​ရောက်​​တော့ ခါတိုင်းလို ကိုကိုYeol ကို မ​တွေ့ ....

သူမ အခန်းထဲကို ပြတင်း​ပေါက်​​လေးက ခိုးကြည့်​လိုက်​​တော့ မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ သူမ ကမ္ဘာကြီး ​ခေတ္တရပ်​သွား​လေသည်

ထိုမြင်​ကွင်းက​တော့ ...

ကိုကိုက .. ကိုကိုက ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ တွဲထိုင်​​နေပြီး ထို​ကောင်​မ​လေး ပခုံးကို ဖက်​ထားသည်​ ပြီး​တော့ စကား​တွေ​ပြောကာ ပြုံး​နေကြသည်​ ...

ဘာ​တွေလဲ .... မဟုတ်​မှလွဲ​ရော ကိုကို ချစ်​သူရသွားတာလား....

သူမ မျက်​စိ​ရှေ့မှာ မြင်​​နေရဲ့သားနဲ့ မယုံချင်​ .....

ဟုတ်​မှာပါ ကိုကို ချစ်​သူ ရသွားတာ ​နေမှာပါ ...

သူမ ​ချောင်းကြည့်​​နေတဲ့ ​ခြေ​ထောက်​​တွေ မခိုင်​​တော့ပဲ ​အောက်​ကို ​ပျော့​ခွေသွားသည်​ ...လက်​ထဲက ကိုင်​လာတဲ့ မုန်​ဘူးလဲ ​ဘေးကို ပြုတ်​ကျသွားသည်​ ...

မျက်​ရည်​​တွေက ပါးပြင်​​ပေါ်မှာ မဖိတ်​​ခေါ်ပဲ ကျလာသည်​ ....ရှိုက်​မိသည့်​အထိ ငိုမိသည်​ ...

သူမ ဒီလိုလုပ်​​နေလို့ မဖြစ်​​သေး ... ကိုကို့ကို မုန့်​ဘူး ​ပေးရဦးမယ်​​လေ ...

ပါးပြင်​​ပေါ်က မျက်​ရည်​​တွေကို လက်​နဲ့ ဘယ်​ပြန်​ညာပြန်​သုတ်​လိုက်​ပြီး ထရပ်​လိုက်​သည်​ ... ထရပ်​လိုက်​တာနဲ့ လက်​ထဲမှာ မုန့်​ဘူးက ပါလာလျက်​သား ....

သူမ မျက်​နှာကို ပြုံးနိုင်​​အောင်​ လုပ်​လိုက်​သည်

ဒါ​ပေမယ့်​ မလွယ်​ပါ ....

မလွယ်​​ပေမယ့်​ ကိုကိုအတွက်​ ပြုံးနိုင်​​အောင်​ ပြုံးရမယ်​​လေ ....

မျက်​နှာကို ပြင်​ဆင်​ပြီး အခန်းထဲ ဝင်​ခဲ့သည်​ ...

အခန်းထဲက လူ​တွေ အားလုံး သူမကို လှည့်​ကြည့်​ကြသည်​ ...​အော်​ လာ​သေးတာပဲ ဆိုတဲ့ အကြည့်​မျိုး .....

သူမ ဂရုမစိုက်​ပါ ... သူမအတွက်​ အ​ရေးကြီးတာ ကိုကိုပဲမို့လို့ ....

ဟုတ်​ကဲ့ ကိုကိုOù les histoires vivent. Découvrez maintenant