ဟုတ်ကဲ့ ကိုကို
Part 8ကိုကို အခုရက်ပိုင်း သူမကို ရှောင်နေသည် ...ဟိုနေ့က ကိစ္စအတွက်ပဲလားး ဒါမှမဟုတ် တခြားကိစ္စရှိနေတာလားးးး
သူမ စဉ်းစားလို့ မရလို့ ကိုကို့တို့ အိမ်ဘက် ကူးခဲ့သည် ...ကိုကိုကို သေချာမေးရမည် Su ကို ရှောင်နေတာလား ဆိုပြီးတော့ ...
အတွေးတွေနဲ့ ပျော်နေရင်း ကိုကို့တို့ အိမ်ထဲဝင်လိုက်တော့ တွေ့ လိုက်ရတဲ့ လူတွေကြောင့် သူမခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားသည် ...
လူတွေ .. လူတွေ ဆိုတာထက် Seol နဲ့ ပတ်သတ်တဲ့ လူတွေ .... Su ထင်တာတော့ Seol မိဘတွေ ထင်သည် ...
ပြုံးပျော်စွာ စကားပြောနေကြသည် ... အကုန်လုံးရဲ့ မျက်နှာထက်မှာလဲ အပြုံး ကိုယ်စီနှင့် ...
သူမ မဝင်တော့ပဲ လှည့်ထွက်မလို့ လုပ်နေတုန်း သူမနောက်ကနေ ကိုကိုYeol တို့ ဝင်လာသည် ....
'Su '
'ကိုကို '
'လာလေ ဝင်လေ '
'ရပါတယ် ဧည်သည်ရောက်နေတာ ထင်တယ် Su နောက်မှ လာခဲ့မယ် '
သူမ ပြောပြီး ထွက်ခဲ့သည် ...
အခန်းထဲရောက်တော့ ထိန်းထားတဲ့ မျက်ရည်တွေ ကျခွင့်ပေးလိုက်သည် ... ပါးပြင်ပေါ် ကျရောက်လာတဲ့ မျက်ရည်တွေ မသုတ်မိ ...
ဘာလို့ သူမဘဝကြီးက ကံဆိုးရတာလဲ ...
ဘာလို့ သူမဘဝကြီးက ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာလဲ ...
ဘာလို့ သူမဘဝကြီးက ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တာလဲ ...
ဘာလို့လဲ ဘာလို့လဲ ....
ဘာကို အပြစ်တင်ရမလဲ မသိ..
~~~~~~~~
သူမ ငိုတာတွေ ရပ်ပြီး သူမ စိတ်ညစ်နေတဲ့အချိန်တိုင်း တီးတတ်တဲ့ ဂစ်တာကို ယူကာ ခြံထဲဆင်းခဲ့သည် ...
ခြံထဲက ဥယာဉ်လေးထဲက ထိုင်ခုံလေးမှာ ထိုင်လိုက်ပြီး ဂစ်တာပေါ် လက်တင်ကာ စတင် တီးခတ်လိုက်သည် ...