"Kai .. Kaiလေး..choco လေး "
ကျွန်တော် နာမည် ခေါ်သံကြားလို့ လှည့်ကြည့်မိတော့..
ကျွန်တော်ထပ် တစ်နှစ်လောက်ကြီးပုံ ရတဲ့ Hyung တစ်ယောက်က ကျွန်တော့် ကို လက်ယပ်ခေါ်နေတယ်..
ကျွန်တော်လည်း သူ့အနား ရောက်သွားရော အာ့ hyung က သူ့လက်ထဲက Icecream လေးကို ကျွန်တော့်လက်ထဲထိုးထည့်ပေးတယ်...
"ရော့.... Wuri choco လေးအတွက် .. D.o hyung က မုန့်ဝယ်လာခဲ့တယ်.."
Wuri????
အာ့ ဆိုလိုရင်းကို ကျွန်တော် သိခဲ့သင့်တာ...
အင်းလေ..အရမ်းငယ်သေးလို့လည်း ဖြစ်ခဲ့မှာပေါ့လေ...
ကျွန်တော် ဘာမှမပြောပဲ Icecream ကိုပဲ ငုံ့စားနေတော့ D.o Hyung က အသည်းယားလို့ထင်ပါတယ်..
ကျွန်တော့် ပါးလေးကို ခပ်ဖွဖွ ညှစ်တယ်....
"Chocoလေးး ... D.o hyung ကို ချစ်လား"
သူ့ အမေးကို ကျွန်တော် ငေးလို့ကြောင်စွာ ကြည့်မိပါတယ်...
* ချစ်လား... တဲ့.. *
ကျွန်တော် ကြားနေကျ မေးခွန်းပဲမလား ...
"ပါး ကို ချစ်လား "... "မား ကို ချစ်လား " ဆိုတာမျိုးတွေလေ..
ကျွန်တော့်လက်ထဲက Icecream လေးကို ပြန်ငေးကြည့်ရင်း .. Hyung ကို ခေါင်းငြိမ့်ပြခဲ့ပါတယ်..
ကျွန်တော် တကယ်မမြင်ခဲ့ပါဘူး...
ကျွန်တော် တောင် Icecream တစ်ခုလောက် စိတ်မ၀င်စားတဲ့ ကျွန်တော့်ရဲ့ ခေါင်းငြိမ့်ခြင်း ခေါင်းခါခြင်းကို စိတ်ဝင်တစားစောင့်နေတဲ့ Hyung ရဲ့ မျက်ဝန်းတွေကိုလေ....
ကျွန်တော် လုံးဝ တောင် မမြင်မိခဲ့ဘူး.....
နောက်နေ့ ကျတော့ ...
D.o hyung က အရုပ်ကလေးတွေ ပိုက်ပြီး ကျွန်တော့် အိမ်မှာ လာဆော့ပေးတယ်...
မား ပြောတာတော့ အိမ်နီးချင်း ဆိုလား ပါပဲ...
"Choco လေး D.o hyung ကလေ choco အတွက် အရုပ်တွေယူလာတယ်.."