" Choco ah ~ "
ခပ်တိုးတိုး ငြီးငြူ သံနဲ့အတူ တဖြည်းဖြည်း ကျွန်တော် ပုခုံးပေါ်ညွတ်ကျလာတဲ့ သူ့ ခေါင်းလေး ~
" ချစ်တယ် သိလား ~ "
နောက်ဆက်တွဲ သူ့အသံကြောင့် ရင်အစုံဟာ မဆီမဆိုင် တင်းခနဲ ~ နောင်တ တစ်ချို့ကို ရင်မှာ စည်းထားရသလိုပါပဲလား~
" ဘာလို့ Lay ကို သတ်ခဲ့တာလဲ ~ ပြောပြပါလား ? "
မွန်းကြပ်နေတဲ့ သိချင်စိတ် အပြည့်နဲ့ မေးပေမဲ့ သူ့ဆီက ခပ်ရှရှလှောင်ရယ်သံကသာ အစားထိုး ၀င်ရောက်လာပြန်တယ် ~
" မင်း သိစရာမလို ပါဘူးကွာ~ "
ခပ်လေးလေးထွက်လာတဲ့ အသံနဲ့အတူ ဆေးအရှိန်နဲ့ မိန်းမောနေတဲ့ သူ့မျက်ဝန်းတွေက ပွင့်တစ်ချက် ပိတ်တစ်ချက် ~ ခန္ဓာကိုယ်ကလည်း လုံးပါးပါးလို့ တဖြည်းဖြည်း ပိန်ကျလာသလိုလို ~
" တစ်လပြည့်တော့မှာ ~ Hyung ဆေးစွဲနေပြီ "
" အင်း ~ အဲ့တော့ ~ "
ငိုက်ကျသွားတဲ့ ခေါင်းနဲ့အတူ သူ့အသံသေးသေးလေးက ထွက်ကျလာပြန်တယ်~
" ကျွန်တော် ~ Hyung ကို ဘာတွေတိုက်တာလဲလို့ မမေးတော့ဘူးလား? "
" ဘိန်းတွေမလား? ငါ အခု ဆေးစွဲနေပြီလေ ~ တစ်နေ့တစ်နေ့ အဲ့ဆေးရည်ထည့်ထားတဲ့ coffee မသောက်ရရင် ငါ မနေနိုင်တော့ဘူး ~ ဘိန်းမဟုတ်ရင် မူးယစ်ဆေးတစ်ခုခုပဲ ~"
ခပ်ပေါ့ပေါ့လေး ပြောလိုက်တဲ့ Hyung ကို ကျွန်တော် တကယ်ပဲ စိတ်တိုမိတာတော့ အမှန်ရယ်ပါ~
တကယ်ဆို ~ တကယ်ဆို ~ သူ့ကို အနုနည်းနဲ့ ညှင်းသတ်နေတဲ့ ကျွန်တော့်ကို မုန်းသင့်ပြီလေ~
" အနည်းဆုံးတော့ မင်းလက်နဲ့ ကိုယ်တိုင် သတ်တာပဲ ~ ငါ သေရတာတန်တယ် Choco ah ~ "
Hyung ဆီက စကားသံကြောင့် ရင်အစုံဟာ နင့်ခနဲ ~ အစောကတော့ Lay ကို သတ်တဲ့ ကိစ္စကြောင့် ကျွန်တော် စိတ်ထင်ရာ လုပ်လိုက်မိတာ ~ ဒါပေမဲ့ သူ့ရဲ့ ဒီလိုပုံစံမြင်ရတော့လည်း ရင်ဘတ်က မခံသာတော့ ~
" ဒီနေ့ ကျွန်တော်... Hyung ကို Coffee ဆက်မတိုက်တော့ဘူး ~ "
" ဘာရယ် ~ "