" Do D.o shi !! "
ကျွန်တော့်ရုံးခန်းထဲကို ရာရာစစ ဇွတ်ဝင်လာပြီး ကျွန်တော့် စားပွဲခုံပေါ် ခြေထောက်နှစ်ဖက်တင်ထားတဲ့ Park Chanyeol က .. ကျွန်တော့်ကို ပေစောင်းစောင်းကြည့်တယ်...
"ဒုန်းးးးးး!!!!! "
ကျွန်တော် စားပွဲခုံပေါ်ကို စာရွက်ကို ဆောင့်ချလိုက်တော့ .. Chanyeol က မျက်ခုံးတစ်ချက်ပင့်သွားရင်း ..
"ကိုယ့် Company ကို လာတဲ့ ရှယ်ယာရှင်ကို အာ့လိုပဲ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတက်တာလား "
" ရှယ်ယာရှင် သာ မဟုတ်ရင် မင်းကို ငါ မောင်းထုတ်မှာ .. Park Chanyeol .."
ကျွန်တော့် စကားကြောင့် Chanyeol က တဟက်ဟက်ရယ်ရင်း ..
" မောင်းထုတ် ရဲလို့လား Do D.o ရာ အပြောမကြီးစမ်းပါနဲ့ "
ကျွန်တော် .. သူ့ကို မျက်မှောင်ကြုပ်ကြည့်လိုက်တော့ သူက အပြုံး မပျက်ပဲ ကျွန်တော့် မျက်နှာနား တိုးကပ်လိုက်ကာ ...
"သိတယ် မလား .. ငါက မင်းကောင်လေးkai ရဲ့ သည်းသည်းလှုပ် hyung လေ .. ဟဟ "
"မင်းးးး"
ကျွန်တော် . Chanyeol လည်ပင်းကအကျီစ ကို ဆောင့်ဆွဲလိုက်တော့ chanyeol က သူ့မျက်နှာကို မော့ရင်း ...
"ထိုးလေ .. ဘာလဲ .. မထိုးရဲတာလား .."
ကျွန်တော် လက်သီးကို လေထဲမြောက်ထားရင်း တန်းလန်းရပ်လိုက်တော့ .. Chanyeol က ကျွန်တော့်လက်ကို ဖြေချလိုက်ရင်း ...
"မင်းက အဖြစ်မရှိဘူး Do.."
ကျွန်တော် နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း ငြိမ်လိုက်တော့ .. Chanyeol က မျက်မှောင်ကြုပ် လိုက်ရင်း
"မင်းက မင်းချစ်တဲ့လူတစ်ယောက်ကို တောင် မင်းကို ပြန်ချစ်အောင်မလုပ်နိုင်ဘူး .. မင်းက အလကားနေ မာန်တက်နေတဲ့ $ရူးကောင် ."
ဟက် ဟက် .. ကျွန်တော့်အဖြစ်က အာ့လောက်တောင် ကဗျာ ဆန်သွားလား ...