"ကျွန်တော်တို့ Product တွေကို ကြော်ငြာ ဖို့ မော်ဒယ် တစ်ယောက်လို အပ်နေပါတယ်.."
meeting မှာ ကျွန်တော် အရှေ့က Product ဇယား တွေ ကို ကြည့်ရင်း ပြောတော့ ရှေ့တည့်တည့်ကနေ နားထောင်နေတဲ့ D.o hyung က စားပွဲခုံကို တဖုန်းဖုန်းရိုက်ရင်း...
"Choco... အာ့ စာရင်း လေးကို ခန ချထားပြီး Hyung မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောပါလား.."
ကျွန်တော့် ဒေါသ တွေ ထောင်းခနဲ ထွက်သွားတယ်..
သူ.. ကျွန်တော့်ကို လူပုံ အလယ်မှာ အရှက်ခွဲနေတာလား...Hyung ဘေးနားမှာ ထိုင်နေတဲ့ ရှယ်ယာရှင်တွေက ကျွန်တော့်ကို မသတီစရာ လူတစ်ယောက်လို လှမ်းကြည့်ကြတယ်..
အကြည့်တွေထဲမှာ .. အဆိုးဆုံးက ကျွန်တော့်ကို CEO နား ချူ စားနေတဲ့ ပိုင်းလုံး တစ်ကောင်လို ကြည့်ကြတယ်...
ကျွန်တော် ဂရုမစိုက်စွာပဲ.. စာရွက်ကိုပဲ ပြန်ကြည့်တော့ ...
"Choco ... Hyung ကို ပဲကြည့် ပြောပါဆိုနေ"
ကျွန်တော့် နားထင်နားက သွေးကြောတွေ ပေါက်ကွဲမတက်ပူထူနေပါပြီ.. စိတ်မွန်းကြပ်မှုတွေက ရင်ဘတ်ထိ စို့လာတယ်..
"သူတို့က ဘာတွေလဲ.."
"ဟိုကောင်လေး က ငါတို့CEO ကို ကပ်စားနေတဲ့ပိုင်းလုံးလေ."
"ရုပ်လေးသနားကမားနဲ့.."
ရှယ်ယာရှင် အချို့ရဲ့တီးတိုးသံတွေ ပို ကျယ်လာတယ်..
သူကတော့ ကျွန်တော့်ကို ပြုံးပြရင်း သူ့ကို ကြည့်ပြော ဆိုပြီး ဟန်လုပ်ပြတယ်..
"ဘုန်းးးးးးး"
ကျွန်တော် စာရွက်ကို ဆောင့်ချလိုက်တာမို့ အသံကျယ်သွား ပြီး တီးတိုးပြောနေတဲ့လူတွေအားလုံးငြိမ်သွားပြီး ကျွန်တော့်ဘက်လှည့်ကြည့်လာတယ်..
သူက တော့ ဘာဖြစ်တာလဲ ဆိုပြီး ကျွန်တော့်ကို ပုခုံးတွန့်ပြတယ်.. တကယ့်ကို သူမလုပ်ထားတဲ့ အတိုင်းပါ... မထင်ရဘူး.. Do D.o