"Choco ah.. ငါ့ကို ချစ်လားဟင် .."
ကျွန်တော့် အမေးကို သူက ပီကေ အဝါးမပျက် ဘဲ ခပ်ပေါ့ပေါလေး ပြုံးရင်း ..
" ချစ်တာပေါ့ .. ခင်ဗျားကြီးရယ် .. ဟက်ဟက် .. "
ကျွန်တော့် မျက်နှာနားကို တစ်ဖြည်းဖြည်းတိုးလာတဲ့ သူက ကျွန်တော့် နားဖျားလေးနား နှုတ်ခမ်းလေးဖိကပ်ရင်း ..
"DO d.o shii.. ကျွန်တော်က .. ခင်ဗျားစည်းစိမ်တွေ မကုန်မချင်း .. ခင်ဗျားကို ချစ်နေမှာ .. "
တိုးရှနေတဲ့ သူ့လေသံနွေးနွေးလေးက အစ ကျွန်တော် ဘာလို့ စွဲမက်မိပါလိမ့်နော် ..
"ဒါပေမဲ့ ..."
ဖောက်ခနဲ .. စူးနင့်ဝင်သွားတဲ့ ဓားသွားတစ်ချောင်းနဲ့ အတူ .. ကျွန်တော့်ရင်အစုံဟာ ခံရခက်လောက်တဲ့အထိ တုန်ရီလှိုက်မောလိုက်တာ..
" ဒါပေမဲ့ .. ခင်ဗျား နာကျင်မှုကို ကျွန်တော်က ပိုချစ်တာဗျ .. သိလား .. Do d.o.."
အင်း .. နာကျင်ထိုးကိုက်နေတဲ့ ရင်အစုံက ဓားသွားကြောင့်မဟုတ်ပဲ သူ့နှုတ်ခမ်းဖျားလေးကြောင့်ဖြစ်မယ်ထင်ပါတယ်..
"အင်း .. "
ကျွန်တော် သူ့ကို မော့ပြီး ပြုံးပြတော့ သူ့မျက်ဝန်းတွေက အမုန်းတရားတွေနဲ့ အရင်ကထက်ပို တောက်ပ နေသလိုပါပဲလား ..
ဟင်းဟင်း .. ချစ်ဖို့ကောင်းတယ် ...
" ခင်ဗျား ကို မုန်းတယ် ..Do d.o..."
ပိုပြီး ထိုးစိုက်လိုက်တဲ့ ဓားသွားက ကျွန်တော် ရင်ဝ ထဲအထိ တိုးဝင်လာသလိုပဲ ...
"သေလိုက်တော့ .. ကျွန်တော် .. ခင်ဗျားကို မုန်းတယ် မုန်းတယ် .."
"အ.."
ကျွန်တော် .. သူ့အကျီကို ခပ်ဖွဖွ ဆုတ်ကိုင်လိုက်ရင်း ...
"ငါ ... ငါ .. ကတော့ .. မင်း .. ကို ... .သိပ် ..ချစ်..တယ်.. ချစ်တယ်..Kim Ch.o..co.."
#"He" who never I love
( Dika..Special )
ဟီး .. ဖြစ်လာမဲ့ အပိုင်းတွေအတွက် treaser လေး လာတင်တာပါ ငိငိ ..
အာ့လာပြောတာသက်လား ...
ပြေးပြီ .. ၀ှစ် ..
Author >> JohnSmith717