မီးပြာနီရောင်တွေနဲ့ .. club ရဲ့ တီးလုံးသံတစ်ဒိန်းဒိန်းက ကျွန်တော့် ခေါင်းကို ပို မူးဝေလာသလိုပဲ ..
" ဧည့်သည် .. ဖုန်းလာနေပါတယ် .. ဧည့်သည် .."
waiter လေး ထိုးပေးတဲ့ ကျွန်တော့် phလေးကို ကျွန်တော်ငေးရင်း ခံစားတက်မှုတွေက တစစီကြွေမွလာသလိုပဲ . .
* ဘာလို့ .. သူ မဟုတ်ရတာလဲ ..*
*ကျွန်တော် ဆီကို ဖုန်းဆက်တာ .. ဘာလို့ Choco မဟုတ်ရတာလဲ ..*
"အင်း ပြော .. luhan."
"Do .. မင်း သောက်နေပြန်တာလား .. ဟမ်!!!"
luhan ရဲ့ ဟောက်သံနောက်မှာ ကျွန်တော် ရူးသွပ်စွာ တဟားဟား ရယ်ပစ်လိုက်တယ် ..
"ဘာလဲ .. Xiao luhan ..မင်းက ငါ့ကို အမိန့်ပေးနေတာလား . . ဒါမှမဟုတ် .. ဆရာလာလုပ်တာလား.. မင်းဘာသာမင်းသာ . . Lay အဖြစ်ဟန်ဆောင်ပြီး choco လေးဆီကို နေ့တိုင်းစာပို့စမ်းပါ .. .."
"shit.. ခွေးကောင် .. လူမှန်းသူမှန်းမသိအောင် မူးနေရလား . "
Luhan က ကျွန်တော့်ကို ကျိန်ဆဲရင်း ဖုန်းချသွားတယ် ..
ကျွန်တော် အရက်နောက်တစ်ခွက်ကို မော့ပစ်လိုက်ရင်း .. ဖုန်း wallpaper လေးကို ငေးမိတယ်...
"Choco ah.. hyung တောင်းပန်ပါတယ် ... .တောင်းပန်ပါတယ် ...."
"မင်း ခေါင်းထဲမှာ .. kai ဆိုတဲ့ ကလေးတစ်ယောက်ပဲရှိတာတော့ ငါအံ့သြတယ် ...Do D.o.."
အသံသြသြတစ်ခုကြောင့် ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ .. ကျွန်တော့်ကို လက်ပိုက်ပြီး မဲ့ပြုံး ပြုံးကြည့်နေတယ် ...
ကျွန်တော် .. သူ့ကို ဟက်ခနဲရယ်ပြပြီး .. အရက်ခွက်ကို ထပ်မော့ဖို့ပြင်တော့ .. Chanyeol က ကျွန်တော့်လက်ထဲက ခွက်ကို ဆွဲလုရင်း ...
"သူက တော့ .. မင်းကို လှည့်တောင်မကြည့်ဘူးမလား .."
ကျွန်တော် သူ့ကို ဘာမှမပြောပဲ .. အရက်ပုလင်းလိုက်မော့ချပစ်လိုက်တယ် ..