" ရှယ်ယာ ဈေးတွေ က တအားထိုးကျနေတယ်"
စာရွက်ပုံတွေကြား ခေါင်းနစ်နေတဲ့ Sehun စိတ်ပူ သလို သက်ပြင်းချရင်း ပြောတော့ ကျွန်တော် မျက်မှောင်ကုပ်မိပြန်တယ်..." ဘယ်နေရာက ဘာပြသနာ တတ်နေတာလဲ .."
Sehun က ကျွန်တော့် ဆီကို စာရွက်တွေကမ်းပေးရင်း ..
" Product တွေက အရည်အသွေးမမှီဘူး ဆိုပြီး customer တွေဆီက တိုင်ချက်တွေများလာတယ်..."
"TsK.... ဘာလို့ အရည်အသွေး မမှီရမှာလဲ .."
ကျွန်တော့် စကားကြောင့် Sehun က စာရွက်အချို့ ထပ်ဆွဲထုတ်လာပြီး ..
" အခြားပြိုင်ဘက် Company တွေက လုပ်ကြံတာထင်တယ်.."
စာရင်း ဇယား အချို့  က ကျွန်တော့်ရှေ့မှာ အပြန်အလှန်လှန် .. ဂဏန်းတွေပြည့်ကျပ်နေတဲ့ စကားလုံးတွေက လည်း အထပ်ထပ်အခါခါ ..
" ဟူးး "
လေပူ အချို့ မှုတ်ထုတ်လိုက်ရင်း .. ကျွန်တော် နပ်ခ်တိုင် ကို ပြေလျော့လိုက်ရင်း မှီထိုင်ချ လိုက်တယ်...
" အဲ့ထက်ကြီးတဲ့ ပြသနာ ..က .. "
sehun က ခပ်တိုးတိုးလေး ထပ်ပြောတော့ ကျွန်တော် သူ့ကို ခေါင်း ပြန်မော့ကြည့်လိုက်တယ်..
" ရှိသေးတာလား .. ပြသနာ က .."
" အင်း ..CEO သူ့ အခန်းထဲမှာ မူး ပြီး သောင်းကျန်းနေတယ်တဲ့..."
" ဟာကွာ ..."
ပူထူနေတဲ့ ခေါင်းတစ်ခုလုံးက ဒေါသထွက်လာတာမို့ ပိုမို နောက်ကျိလာတယ်...
" မင်း ထိန်းမှ ရမယ် ထင်တယ် ..kai ya.."
ဝုန်းခနဲ ဆွဲထလိုက်ပြီး မီးပွင့်တဲ့ ခြေလှမ်းတွေနဲ့ Hyung ရုံးခန်းဆီ တဒုန်းဒုန်း ...မပြေးရုံတမယ်..
ဘာလဲကွာ ... company တစ်ခုလုံးပြသနာတတ်နေတာကို သူက ကပေါ့ကလျော့ .. နေနိုင်ရက်တယ်တဲ့လား ..
" CEO က အခန်းထဲ ဘယ်သူမှမ၀င်ခိုင်းဘူး "
အတွင်းရေးမှူးမလေး အသံကိုလည်း မကြားနိုင် .. ၀ုန်းခနဲ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ...