His Silent Feeling

1.6K 200 2
                                    

" Choco ah ~~"

"Wae?? "

"Ah... Chcococo...Hyung​လေ အိမ်​ပြန်​ချင်​တယ်​ လိုက်​ပို့​ပေးပါ ​နော့်​ ​နော့်​ ​နော့်​"

ကျွန်​​တော့်​ကားထဲမှာထိုင်​ရင်း အိမ်​ပြန်​ပို့ဖို့ တစာစာ​အော်​​နေတဲ့ Hyung ကိုကြည့်​ရင်း ကျွန်​​တော်​ရယ်​မိတယ်​...

* သူ့ကို ဘယ်​သူက ပြန်​​ပေးဆွဲသွားမှာကျလို့ *

"CHOCO ...ah.."

"CHOCOOOOOOOOO "

တလမ်းလုံးကား​မောင်း​နေတဲ့ ကျွန်​​တော့်​လက်​ကို ဆွဲလိုက်​ရမ်းလိုက်​နဲ့ ..​တော်​​သေးတာ​ပေါ့ လမ်း​ပေါ်လူရှင်း​နေလို့သာ .. မဟုတ်​ရင်​ တိုက်​မိပြီ...

"ဘာလဲကွာ...Hyung ငြိမ်​ငြိမ်​​နေ .. အာ့မို့​ပြောတာ Wine ​တွေမ​သောက်​ပါနဲ့ဆို​နေ .. အခု​တော့ ရစ်​ပြီ​တွေ့လား!! "

မဆိုစ​လောက်​... ကျွန်​​တော်​ သူ့ကို မဆိုစ​လောက်​​လေးတင်​​အော်​မိတာပါ ..

"အီးဟီးးအီးးးး Aunty Suho Shiiiii... Kim choco က ကျွန်​​တော့်​ကို ​အော်​တယ်​ ... ဗြဲ"

ချက်​ချင်း ကျွန်​​တော့်​ omma ဆီကို Ph ​ကောက်​ဆက်​ပြီး ငိုပါ​လေ​ရော ...

" ဟွန်း က​လေးမဟုတ်​ သူငယ်​မဟုတ်​ "

ကျွန်​​တော်​ မျက်​​စောင်းထိုးပြီးကြည့်​လိုက်​​တော့ သူက ကျွန်​​တော့်​ကို မျက်​လုံးဝိုင်း​လေးနဲ့ ပြန်​ကြည့်​ရင်း ..

"အဟင့်​ဟင့်​ ... Aunty Suhooo... Choco က ​လေ ကျွန်​​တော့်​ကို မျက်​​စောင်းကြီး ထိုးပြီးကြည့်​တယ်​ .. ဗြဲ "

Ph ကြီးကိုင်​ပြီး အာဗြဲ ကြီးနဲ့ မလှမပ ​အော်​ငို​နေတာ .. တစ်​ဖက်​က Omma ​တော့ နားငြီး​လောက်​ပြီ...

အာ့တာကိုက .. Do D.o တို့ မူးလာရင်​ ဖြစ်​တတ်​တဲ့ Style ..

* ဟင်းဟင်း .. အရူး​လေးကျ​နေတာပဲ *

* အမြဲတမ်း အာ့လို​လေး​နေပါ​တော့လား *

သူငို လို့ ၀​တော့ ph ချပြီး ​ဘေးနားမှာ ကျွန်​​တော့်​ကို ငြိမ်​ငြိမ်​​လေးထိုင်​ပြီး စိုက်​ကြည့်​​နေတယ်​..

"He" who I Never LoveWhere stories live. Discover now