"shiii...ခု ထွက်လာတဲ့ သတင်း တွေက ဘယ်လိုဖြစ်ရတာလဲ!!!!"
ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ အော်လိုက်တော့ ကျွန်တော့်ဘေးနားက Luhan က မျက်ခုံးတစ်ချက်တွန့်လိုက်ရင်း ...
"အားလုံး မင်းကြောင့်ပဲလေ $ရူး ရဲ့"
ကျွန်တော် စိတ်တိုတိုနဲ့ အရှေ့က စားပွဲကို ဆောင့်ကန်လိုက်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ File တွေ လွင့်ခနဲကျသွားသည်..
"ခုမှ စိတ်တိုမနေနဲ့ DO D.O ဇာတ်လမ်းက မင်းစတာပဲလေ ... မင်း ကြောင့်ပဲ ဟိုကလေးက ပိုင်းလုံးဆိုပြီး နာမည်တွင်နေတာ .."
Luhan က စီးကရက် ကို ဖွဖွလေး မီးညှိနေရင်း ကျွန်တော့်ကို မျက်စောင်းထိုးရင် ပြောတယ်...
"အားးးး Shiii."
ကျွန်တော် စိတ်ရှုပ်ထွေးစွာ ခေါင်းကို ကုတ်လိုက်တော့ luhan က စီးကရက်ကို ဖွာရင်း ...
"အခု မင်း က ဘယ်လို ဖြစ်စေချင်တာလဲ"
တော်သေး မေး ဖော်တော့ ရသေးတယ် ..Xiao luhan..
"အာ့သတင်း တွေရပ်ချင်တယ် Xiao lu"
ကျွန်တော့်စကား ကို luhan က စီးကရက်ငွေ့တွေကြားကနေ မျက်လုံးမှေးစင်းနေအောင် ဇိမ်ခံရင်း ..
"ဟက် .. လူတွေ ရဲ့ ပါးစပ်ပေါက်ကို ပိတ်ဖို့က လွယ်ပါတယ် .. D.o ရာ "
Luhan ပြောရင်း ဆေးလိပ်ငွေ့တွေကို မှုတ်လိုက်တာမို့ နှာခေါင်းဝ မှာ ဆေးလိပ်နံ့က ထောင်းခနဲ..
"ငွေနဲ့ပေါက်ပြီး ပိတ်လိုက်ရင် အေးဆေးပဲကို .. အရာရာ တိုင်းက ဟော့သလို အ၀ိုင်း လေးရှိရင် ပြီးနေတာပဲကို "
Luhan က ချဉ်စရာကောင်းလောက်အောင် ခနဲ့တဲ့တဲ့ပြုံးရင်း ကျွန်တော့်ကို လက်ညိုးနဲ့ လက်မ ကို ထိပြီး ၀ိုင်းပြနေတယ်..
"ဒါနဲ့ မင်း ဆေးမချ တော့ဘူးလား ..D.o "
luhan က သောက်လက်စ ဆေးလိပ်ကို ကျွန်တော့်စားပွဲမှာ ထိုးချေ ရင်းမေးတယ်..