"Yaaaa!!! Do D.o မင်းရူးနေလား ဟမ်"
Luhan က ကျွန်တော့်အိပ်ယာပေါ်မှာ တဒုန်းဒုန်း ခုန်ရင်း လှမ်းအော်တယ်...
"မင်း ရဲ့ ပိုင်ဆိုင်မှုတွေအကုန်ကို Kim kai ကို လွဲပြောင်းပေးမယ်ဆိုတဲ့ သဘောလား .. Do "
"အင်းလေ..ဘာများ အဆန်းတကြယ်ဖြစ်နေလို့လဲ luhan ရာ .. ဟက်ဟက်"
"ငါ .. မင်း ကို နားမလည်နိုင်တော့ဘူး .. Do "
Xiao luhan က လေသံတိုးနဲ့ ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြောတော့ ကျွန်တော် အရှက်ပြေ ထရယ်လိုက်မိတယ်...
* မင်း ငါ့ကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး *
"ငါ ရူးသွားပြီလို့ မင်းထင်နေပြီပေါ့ ..Xiao lu "
တိတ်ဆိတ်နေတဲ့ ကျွန်တော် အခန်းကျဉ်းလေးထဲမှာ ခြောက်ခြားဖွယ် နာကျင်မှုတွေက အပြည့် ...
ကျွန်တော် .. အိပ်ယာ ပေါ်တက်ထိုင်နေတဲ့ Luhan က ကျွန်တော့်ကို တစ်ရှိုက်မက်မက်ငေးကြည့်တယ်..
~~သနားစဖွယ် သတ္တဝါတစ်ကောင်အဖြစ်~~
"မင်း ရူးနေပြီ.. Do D.o "
Xiao lu နှုတ်ခမ်းပါးတွေ ဆီက တိုးသိမ့်စွာ ထွက်လာတဲ့ စကားတစ်ခွန်းက ကျွန်တော့် သိက္ခာတရားကို ပျက်ရယ်ပြုလိုက်သလို....
"သူကမှ .. မင်း ကို ပြန်မချစ်နိုင်ခဲ့တာ .. စွန့်လွှတ်လိုက်ပါတော့လား .. ငါ မင်းအစား မောလှပြီ"
* ငါ .. မင်းအစား မောလှပြီတဲ့လား *
"ဟင့်အင်း .. "
* သူက .. ကျွန်တော့်ပိုင်ဆိုင်မှု မဟုတ်ခဲ့ရင်တောင် ..
သူက ကျွန်တော့်ရဲ့ ထာဝရ အကျဉ်းသား ..*
"သူက ထွက်ပြေးသွားခဲ့ရင်ရော ...D.o "
Luhan က သူ့နှုတ်ခမ်းပါးကို သူဖိကိုက်ရင်း .. ကျွန်တော့်ကို မရေမရာ မေးလာတယ်...
"သူ့ခြေနှစ်ချောင်းလုံးကို တသွင်သွင်ကျိုးအောင် ငါရိုက်ချိုး ထားမှာပေါ့ ..ဒါမှ ငါ့ဆီက မပြေးနိုင်မှာ"