Part-4(Day-3)

2.1K 234 11
                                    

P.R.E.Double.T.Y Boy

____________*SEKAI*____________

"သား ဆန်​ပြုတ်​​လေး​ သောက်​လိုက်​အုံး"

Sehun:ဟင့်​အင်း မ​သောက်​ချင်​ဘူး ​မေ​မေ။

" ​သောက်​လိုက်​ပါ သားရယ်"

Sehun:​မေ​မေ အလုပ်​သွားရအုံးမယ်​မလား။
မေ​မေ အလုပ်​သွား​တော့။

"​မေ​မေ ဒီ​နေ့ အလုပ်​မသွား​တော့ဘူး။
သား​လေးမှ ​နေမ​ကောင်းတာ။
သားကို အိမ်​မှာ တ​ယောက်​ထဲ ထားခဲ့ရမှာလား။"

Sehun:​မေ​မေရယ်​ သားက ကိစ္စမရှိပါဘူး
ဒီ​နေ့ Companyမှာ Meetingရှိတယ်​မလား။

"ဒုဥက္ကဋ္ဌနဲ့ လွှဲထားလို့ ရပါတယ်​။"

Sehun:​မေ​မေရယ်​ သွားလိုက်​ပါ။
သားအိမ်​မှာ တ​ယောက်​ထဲ ​နေချင်​လို့ပါ။

"အင်းပါ၊ အဲ့လိုဆိုရင်​လဲ ​မေ​မေ Companyကို
သွားလိုက်​ပါ့မယ်​။ ဆန်​ပြုတ်​​လေး​တော့ ဝင်​​အောင်
သောက်​လိုက်​​နော်​။ဆန်​ပြုတ်​ကို​တော့ ​မေ​မေ
ပြန်​ယူသွားလိုက်​မယ်​​နော်​။ စားချင်​ရင်​ ​အောက်​ဆင်း
စားလိုက်​​နော်​။"

"ဟုတ်​ကဲ့" ဟုSehunက ​ဖြေလိုက်​တယ်​။

Sehunလဲ သူ့အ​မေထွက်​သွားမှ ​စောင်​​လေးကို
အထက်​သို့ ဆွဲတင်​လိုက်​ပီး ​မှေး​နေလိုက်​တယ်​။

အိပ်​​ပျော်​ခံနီး စဲစဲမှာ အခန်းတံခါးကို ​ခေါက်​သံကြားလို့ ​ကိုယ်​​ပေါ်မှာ ခြုံထားတဲ့ ​စောင်​​လေးကို
ဖယ်​လိုက်​ပီး ကုတင်​​ပေါ်က ဆင်းကာ အခန်း
တံခါးကို သွားဖွင့်​​ပေးလိုက်​တယ်​။

Sehunတ​ယောက်​ ပါးစပ်​​လေးကို လက်​နဲ့
ပိတ်​ပီး အံ့သြသွားသည့်​ မျက်​လုံးများဖြင့်
"ကို"ဟု ​ခေါ်လိုက်​တယ်​။

Jong In:ဘာဖြစ်​သွားတာလဲ။

Sehun:အံသြလို့ပါ။

Jong In:ဟင်​ ဘာအံသြစရာရှိလဲ။
Hun​လေး အိမ်​ကို ကိုယ်​က လာတာ လာလို့မရဘူး
လား။

Sehun:မဟုတ်​ပါဘူး။ လာလို့ရပါတယ်​။

Jong In:ဒါနဲ့ ညက ငိုထား​သေးတာလား။

P.R.E.Double.T.Y BoyWhere stories live. Discover now