P.R.E.Double.T.Y Boy
//KAIHUN//
''မေမေ သားဒီနေ့ အပြင်သွားစရာ ရှိတယ်''
'' သွားလေ..Jong Inလေးနဲ့ သွားမှာမလား ''
လက်ထဲက ကော်ဖီခွက်လေးကို ပန်းကန်လေးပေါ်
အသာတင်ပီး'' မဟုတ်ဘူး မေမေ
သား သူငယ်ချင်း အသစ်နဲ့ သွားမှာ '''' သူငယ်ချင်း အသစ်?
ဘယ်တုန်းက သူငယ်ချင်းရသွားတာလဲ သားက''Sehunက ပြုံးလိုက်ပြီး
'' မနေ့က ရသွားတာ မေမေရဲ့
သူက တရုတ်လူမျိုး နာမည်က Zhang Zhu Ren တဲ့'''' အင်းပါ ...
အပြင်သွားမှာ ဆိုရင် အဝတ်သွားလဲတော့လေ
နောက်ကျနေလိမ့်မယ်'''' ဟုတ် ''
Sehunလဲ မနက်စာဆက်မစားတော့ဘဲ
အဝတ်အစားလဲဖို့အတွက် အပေါ်ထပ်ကို
တက်သွားလိုက်တယ်။☆ ☆ ☆
'' Ren ''
'' အာ Sehun ''
Sehunက နာရီကို ကြည့်လိုက်ရင်း
'' တောင်းပန်ပါတယ် Ren
ငါနောက်ကျသွားတယ် '''' သိပ်မစောင့်လိုက်ရပါဘူး
15မိနစ်လောက်ပါပဲ '''' နောက်ခါ ငါထွက်မလာသေးရင်
အိမ်ထဲဝင်ပီး စောင့်နေလေ
အိမ်ထဲမှာ မေမေလဲရှိပါတယ် '''' ရပါတယ်ဆိုနေ
ပီးတော့ ငါနဲ့မင်းနဲ့ တအားကြီး ခင်သေးတာမှ
မဟုတ်တာ၊ အဲ့ကြောင့် အပြင်မှာပဲ စောင့်နေလိုက်တာပါ '''' ငါပြောတာ နောက်ဆိုရင် ပြောတာပါ
အခုတော့ ထားလိုက်ပါတော့ '''' သွားရအောင်လေ
ဒီချိန်ဆို ဆရာဝန်ရောက်လာပီ '''' ငါဆေးခန်း မသွားချင်သေးဘူး
ငါလက်လဲ နဲနဲ သက်သာနေပါပီ
နောက်အပတ်မှ သွားမလားလို့ ''