/P.R.E.Double.T.Y Boy/
___________/SEKAI/_______
စီးကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့သုတ်လိုက်ရင်း ခန္ဓာကိုယ်ပေါ်တွင် ခြုံထားသော စောင်လေးကို
လှပ်ကာ ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။မျက်နှာမသစ်ခင် မှန်ကို ကြည့်လိုက်ကာ
#မနက်ခင်းအစမှာ ငိုရတာ ဒီနေ့တရက်က
ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပါပဲ။
Jong Inနဲ့က လုံးဝမရင်းနှီးခဲ့ပဲ သူ့ခေါင်းကို
ရိုက်ရာကနေ ရင်းနှီးခဲ့တယ်။ ကျေးဇူးတင်ပါတယ်။
ကံကြမ္မာကို။မျက်ရည်တွေကို ရေနဲ့ဆေးချလိုက်ပီး တဘက်နဲ့
သုတ်ကာ အခန်းအပြင်ဘက် ထွက်လာခဲ့တယ်။မီးဖိုချောင်ထဲဝင်သွားပီး Apronလေးဝတ်ကာ
Jong Inအတွက် မနက်စာနဲ့ နေ့လည်စာကို
ပြင်ပေးနေတယ်။လက်ညှိုးလေးမှာ ဓားရှသွားပေမဲ့ ဓားရှရာကို မမှုဘဲ
ဟင်းအတွက်ဘဲ ပြင်ဆင်နေသည်။ထမင်းဘူးလေးတွေကို ခြင်းထဲမှာ စီထည်ပီး
Jong Inကို ဖတ်ပြခိုင်းဖို့ Romeo&Juliet
စာအုပ်လေးကိုပါ ထည့်လိုက်သေးတယ်။
ခြင်းလေးကို စာပွဲပေါ်မှာ တင်ထားခဲ့ကာ
သူ့အခန်းထဲ ဝင်ပီး ရေချိုးနေလိုက်တယ်။ရေချိုးပီး အောက်ဆင်းလာကာ ခြင်းထောင်းလေးကို
ယူပီး Jong Inဆီကို လမ်းလျှောက်သွားလိုက်တယ်။နာရီကြည့်လိုက်တော့ အချိန်က၆နာရီဆိုတော့
စောနေသေးသည်။
သူထပီး ဟင်းချက်နေသည်မှာ မနက်၃နာရီကပင်။Jong Inအခန်းကို သွားလိုက်တော့ တခြားသော
လူနာက အစားထိုးထားသည်။#ဟင့်အင်း မဖြစ်နိုင်ဘူး ဒီနေ့တရက်ကျန်သေးတယ်။ကံကြမ္မာရယ် ကျွန်တော့ကို နောက်ဆုံးအကြိမ်လေးတော့ မျက်နှာသာပေးပါ။
ခြင်းတောင်းလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပီး
Jong Inတိုက်ခန်းကို ပြေးလာခဲ့တယ်။