P.R.E.Double.T.Y
________*KAIHUN*_______
//ကျွန်တော့အတွက် ကျောင်းအပြန်လမ်းက
ခါတိုင်းရက်တွေထက် အထီးကျန်စွာနဲ့ပေါ့။
ဒီနေ့မှ လာနေကျ လမ်းလေးဟာလဲ တိတ်ဆိတ်နေတယ်။ ညနေ နေမဝင်မီ အနည်းငယ် မှောင်ရီ
နေပီး သစ်ရွက်တွေ လှုပ်အောင် တိုက်သွားတဲ့
လေလေးကလဲ လွမ်းဆွတ်မှု အရသာကို ခံစားနေရသလိုပဲ။ ဖျက်ခနဲ ဝင်လာတဲ့ သူ့ရဲ့အကြောင်း။
သူ ကျွန်တော့ကို တကယ် စိတ်ဆိုးသွားတာ ထင်ပါတယ်။ Jong Inကို ရှင်းပြဖို့အတွက်
ကျောင်းကို အစောကြီးရောက်အောင် သွားပေမဲ့
တနေ့လုံး သူ့ကို မတွေ့ရ။ ဘယ်တွေများ ရောက်နေတာလဲဗျာ။"ဟေ့ရောင် မင်း မပြေးနဲ့"
နောက်ကနေ ထွက်လာတဲ့ အသံကြောင့် ကျွန်တော်
လှည့်ကြည့်လိုက်တော့ ကောင်လေးတယောက်
နောက်ကို ဗလ ခပ်ကြီးကြီး လူသုံးယောက်ရယ်
ဗလအနည်းငယ်သာရှိတဲ့ လူတစ်အုပ်ကလိုက်နေတာ။ထိုကောင်လေးက Sehunရဲ့ အနားလေးကနေ
ုဖြတ်ပြေးသွားတယ်။//Jong Inလား။ သူ့ပုံစံက တကယ်ပင်
Jong Inနှင့်တူနေသည်။ပြေးသွားတဲ့ ကောင်လေးက နောက်ကို
လှည့်ကြည့်လိုက်တော့ sehunတယောက်
လမ်းကြားထဲကို ပြေးသွားသည်။//သူတကယ်ပဲ Jong Inပဲ
ဘာမှမဖြစ်ပါစေနဲ့။Sehunက လမ်းကြို လမ်းကြားထဲဝင်ပီး
Jong Inလာနိုင်မယ့် လမ်းကနေ စောင့်နေလိုက်တယ်။ အကျီ အနက်ရောင်လေးနဲ့ ပြေးလာတဲ့
ကောင်လေးကို Sehunတွေ့တော့ လမ်းကြားထဲက
နေ Jong Inရဲ့ လက်ကောက်ဝတ်ကို
ဆွဲလိုက်တယ်။ Jong Inကို နံရံမှာ ကပ်ပီး
Sehunက နမ်းတော့မည့် ပုံစံလုပ်နေလိုက်သည်။နောက်ကလိုက်လာတဲ့ လူတစ်စုကို မျက်လုံးလေး
အနည်းစောင်းပီး ကြည့်လိုက်တော့ သူတို့နဲ့
အနီးနားမှာ ရပ်နေသည်။
Sehunတယောက် ချွေးတွေ ပြန်နေပီ။
သူလဲ စိုးရိမ်နေပီ။