Part 19

1.1K 98 18
                                    

P.R.E.TT.Y _B.OY

"Jong In..."

တိုက်ခန်းထဲသို့ ဝင်လာပီး Jong Inအခန့်ရှေ့ ရပ်ကာ

"Jong In...ငါမင်းကို ပြောစရာရှိတယ်"

အခန်းထဲတွင် Jong Inရှိနေသော်လဲ
Sehunမေးနေသည်ကို မဖြေ။
အိပ်ယာပေါ်ထက်တွင် နေမကောင်းနေသည့် ကလေးတယောက်လို ငြိမ်သက်နေသည်။

"Jong In..
ငါမင်းကို လွမ်းတတ်နေပီ"...ဟု Sehun စိတ်ထဲတွင်ရေရွတ်လိုက်သည်။

Jong Inဟင်းမချက်တတ်တာ Sehunသိသည်၊
ဒါပေမဲ့ ဟင်းချက်နည်း စာအုပ်တွေတော့ Jong Inအိမ်မှာ အများကြီး၊ ထိုစာအုပ်တွေကို Jong Inဖတ်ပီး Sehunကို ချက်ကျွေးနေတတ်ပီလေ။

"ငါမင်းနဲ့ ညစာအတူစားချင်တယ်ဆို Jong In"

Jong Inဘက်က ဘာမှပြန်မဖြေ။

Sehunလဲ လက်လျော့ကာ Jong Inချက်ပေးထားသည့် ညစာကို တယောက်ထဲ စားခဲ့ရသည့်နေ့ကို Sehunမေ့လို့ရမယ် မထင်။

တခြားရက်တွေဆို Sehunထမင်းစားသည့် အချိန်တိုင်း Jong Inက ဘေးမှာရှိနေတတ်သည်။
ထိုနေ့ညကတော့.....အထီးကျန်စွာ.....

/မင်းရွေးချယ်တဲ့သူက ငါမှမဟုတ်ဘဲ
မင်းငါ့ကို ဂရုမစိုက်ပါနဲ့တော့ Sehun.../

တခြားနေ့တွေဆို သူထနေသည့် အချိန်တွင်
Jong Inအသံက မီးဖိုးခန်းထဲမှာ ပျံလွန်နေပီလေ၊

ဒီနေ့မနက်ကား....မီးဖိုချောင်ထဲက စားပွဲလေးပေါ်တွင် အုပ်စောင်းလေးတခုကသာ နေရာယူထားလေသည်။

အုပ်စောင်းလေးကို ဖွင့်ကြည့်လိုက်တော့
Sehunကြိုက်တတ်သည့် ကြက်ဥပေါင်မုန့်ကြော်နှင့် လိမ္မော်ရည်လေး...

ငါ သူ့အပေါ် အမှားလုပ်မိလို့လား...
မနေ့ကတည်းက ငါ့ကို ဘာစကားမှ ပြန်မပြောဘူး
စာလေးတစောင်တောင် ချန်မထားခဲ့ဘူးကွာ Kim Jong In ...မုန်းစရာကြီး..


!P.R.E.Double.T.Y BOY!

ညနေစောင်းနေပီး မိုးဖွားဖွားလေးတွေ
ကျနေတာကြောင့် ထီးကိုယူကာ
Jong Inဆင်းနေကျ busကားမှတ်တိုင်ဘက်သို့
Sehun ထွက်လာခဲ့သည်....

Sehun..အိတ်ကပ်ထဲက ဖုန်းလေးကို ထုတ်ပီး
နာရီကိုကြည့်လိုက်တော့ ၅နာရီ ထိုးနေပီ...

တကယ်ဆို သူလဲ ကျောင်းသွားရမည်
ကျောင်း မသွားဘဲ အိမ်မှာပဲ စာကြည့်မည်ဟု
တွေးထားသော်လဲ တနေကုန်မိုးအေးအေးလေး
နှပ်နေသည့် Sehun....

''ဖုန်းခေါ်ရင် ကောင်းမလား...
မကောင်းဘူးလား "ဟု Sehunပါးစပ်က ရွတ်ကာ
ခြေလှမ်းတွေကို ရေတွက်ရင်း busကား
မှတ်တိုင်သို့ ရောက်လာသည်....

နာရီဝက်...
ကျောင်းသားတချို့ /ကျောင်းသူတချို့သာ
ဆင်းလာကြပေမယ့် Jong In ပါမလာသေးပါ

နောက်တစ်ကားနဲ့ ပါလာမှာပါဆိုသော
အတွေးဖြင့်သာ ဆက်စောင့်နေခဲ့သည်

တနာရီ...
တဖြေးဖြေး..မှောင်လာပီး
မိုးတွေလဲ သဲကြီးမဲကြီးရွာလာမို့
Sehunဆက်မစောင့်တော့ပါ..

P.R.E.Double.T.Y BOY

"ကျေးဇူး"

ကားပေါ်မှာ ထိုင်နေသော Lanကို Jong Inက ပြောလိုက်ခြင်းပင်

"ကို...."

"......."

ကားပေါ်မှ ဆင်းလာပီး Jong Inကို
ထီးစောင်းးပေးရင်း

"Lanလေ ကို့ရဲ့ အငွေ့အသက်လေးကို
လွမ်းနေခဲ့တာ ကိုကို သိလား"

ပြောလဲပြောရင်း Jong Inကို ဖက်လိုက်သည်

"......"

"တခုခုပြောပါအုံး ကိုရယ်...
Lanကို မလွမ်းဘူးလား"

"မင်းပြန်လို့ရပီ Lan
ဒီနေ့ လိုက်ပို့တဲ့အတွက် ကျေးဇူးပဲ"

ဖက်ထားသည့် Lanရဲ့ လက်ကို
ဖယ်ချ လိုက်သည်.....

''မိုးရေထဲမှာတောင် ဇာတ်ကား
ရိုက်နိုင်ကြသေးတယ်နော်...."

ဘယ်လက်နဲ့ ထီးကို ကိုင်ထားပီး
ညလက်ကို ဘောင်းဘီ အိတ်ကပ်ထဲထိုးထည့်ထားသော Sehunက ပြောလိုက်ခြင်းပင်

"ငါတို့ ဘာသာ ဘာလုပ်လုပ် နင့်အပူမပါဘ
oh sehun"

"ကျွန်တော်က အရင်က ထုံထုံထိုင်းထိုင်း
Oh Sehunမဟုတ်တော့ဘူးဗျ
Kim Jong Inကို အပိုင်သိမ်းတော့မယ် Oh Sehun
ဖြစ်လာပီဗျ..."

..................TBC...

တနှစ်လောက်ဂူအောင်းပီ🙃
ဇာတ်သိမ်းပိုင်းမျှော် 😜


You've reached the end of published parts.

⏰ Last updated: Dec 10, 2018 ⏰

Add this story to your Library to get notified about new parts!

P.R.E.Double.T.Y BoyWhere stories live. Discover now