"P.R.E.Double.T.Y''
____________________
လေတချွန်ချွန်နဲ့ ဧည့်ခန်းထဲကို လာသော Sehunကို Jong Inက"Sehun ခြေထောက်သက်သာသွားပီးလား"ဟု
မီးဖိုခန်းထဲကနေ မေးလိုက်သည်။စိုနေသော လက်ကို Apronမှာ သုတ်လိုက်ပီး...
Sehunနားကို လျှောက်လာကာ Sehunပုခုံးကို ကိုင်လိုက်တယ်။"ခြေထောက် အာ...ငါတောင် သတိမရတော့ဘူး
မင်းလက် ငါ့ပုခုံးပေါ်က ဖယ်ပေးအုံး ငါမနေတတ်ဘူး"Kaiက သူ့ရဲ့လက်ကို Sehunပုခုံးပေါ်ကနေ ယုတ်လိုက်သည်။
"အာ...sorry!ဒါနဲ့
ငါမင်း လေချွန်တာကို ဒါပထမဆုံးကြားဖူးတာပဲ"Sehunက သူ့ပါးစပ်လေးကို ပိတ်ကာ
"အာ..sorry...
အိမ်မှာလဲ ဒီလိုပဲ ချွန်နေကျမို့ အကျင့်ဖြစ်သွားတာ""ရပါတယ်..ဘာလုပ်လုပ် ငါမင်းကို အပစ်မမြင်ပါဘူး
မင်းလုပ်တာ မှန်သမျှ ငါသဘောကျတယ် "Jong Inလဲ စကားပြောရင်း ပါးကို နမ်းမယ်လုပ်တော့
Sehunက Jong Inကို တွန်းလိုက်တယ်။ကြမ်းပြင်ပေါ်မှာ ထောက်ယက် ကလေးကျသွားတယ်။
"Jong In.. sorry..
ငါမရည်ရွယ်ပါဘူး"Sehunလဲ ပြာပြာသလဲ Jong In ကို တောင်းပန်ရင်း လက်ကမ်းပေးလိုက်တယ်။
Sehunကမ်းပေးသည့်လက်ကို ဖယ်ကာ
"ရပါတယ်၊ ငါဘာသာ ထနိုင်တယ်၊
တပါးသူရဲ့ အကူညီမလိုဘူး'' ဟုပြောကင်း ထရပ်လိုက်တယ်၊"ငါ့ကို သူစိမ်းလို့ပြောချင်တာလား"
"မဟုတ်ပါဘူး....မင်းအခု အပြင်သွားမှာမလား
မင်းသူငယ်ချင်း ရှေ့မှာရောက်နေပီ၊ ''"အော်..အင်း..."
"ညစာကို မင်းအတွက်ပြင်မထားတော့ဘူးနော်
အပြင်မှာ စားလာမှာမလား""မဟုတ်ဘူး...
ညစာကို Jong Inနဲ့ တူတူစားချင်တာ""ကောင်းပီလေ အဲ့ဆိုလဲ ငါစောင့်နေပါ့မယ် မင်းကို "
"ကျေးဇူး...
ငါသွားတော့မယ်...""အင်း"
Sehunလဲ Jong Inကို နှုတ်ဆက်ပီး တိုက်ခန်းထဲက ထွက်လာခဲ့တယ်၊
![](https://img.wattpad.com/cover/72324038-288-k890834.jpg)