Part-11

2.4K 228 5
                                    

P.R.E.Double.T.Y

__________/SEKAI/________

ကျွန်​​တော်​နှစ်​​ယောက်​ကို သူငယ်​ချင်း အဆင့်​ထက်
မ​ကျော်​ရဆိုတဲ့ စည်းမျဉ်းက ခြားလိုက်​ပီ၊
အခုထိ ကျွန်​​တော်​ သူ့အ​ပေါ် ခံစားချက်​ ရှိ​နေတုန်းပဲ၊
အတိတ်​ကို အတိတ်​မှာ ထားခဲ့မယ့်​ထဲမှာ ကျွန်​​တော်
မပါ​သေးဘူးပဲ၊

ခြေ​လှမ်း​တွေကို ​လေးပင်​စွာ​လျှောက်​ရင်း အတန်းထဲ
ဝင်​လာတယ်​၊
အရင်​တုန်းက​တော့ အတန်းထဲ ဝင်​လိုက်​တိုင်း
ရယ်​​မော​နေတဲ့ သူ့ရဲ့ အပြုံး​လေးကအရင်​ ဆီးကြို​နေတာ၊ ခု​တော့ အရင်​က အပြုံး​တွေကို ​တွေ့ရမယ်​မထင်​၊ Lanဆိုတဲ့ ​ကောင်​မ​လေးကပဲ သူ့အပြုံး​တွေကို ပိုင်​ဆိုင်​သူဖြစ်​မှာပါ၊

အခန်းရဲ့ ​ထောင့်​စွန်းနား​လေးက ခုံ​လေးမှာ ဝင်​ထိုင်​လိုက်​ရင်း ပြတင်း​ပေါက်​ အပြင်​ဘက်​ကို ဘာရယ်
မဟုတ်​ ​ငေးကြည့်​လိုက်​တာ ဝမ်းနည်းတဲ့ အရိပ်​​ယောင်​​လေး ဖြစ်​သွားတယ်​၊

ဘောလုံးကွင်းထဲမှာ Jong Inရဲ့ ခါးကို တင်းကြပ်​စွာ ဖက်​ထားတဲ့ Lan၊ Luhanတို့က
ဘောလုံးကန်​ နေ​ပေမယ့်​ ​​ဘောလုံးကန်​ဖို့ ဝါသနာ
မပါတဲ့ သူ့အတွက်​ ရပ်​ကြည့်​​နေရုံမှတပါး တခြား
လုပ်​စရာမရှိ​၊

အားကျလိုက်​တာဗျာ၊ Lanဆိုတဲ့ ​ကောင်​မ​လေးကို၊
Jong Inရဲ့ ပုခုံး​ပေါ်ကို​မေး​လေးတင်​ထားပီး
ချစ်​စဖွယ်​ စကား​လေး​တွေ ဆို​နေရုံပဲ၊ အလိုမကျရင်
စိတ်​​ဆိုးမယ်​၊ စိတ်​ဆိုးရင်​ သူက ​ချော့မယ်​၊
စိတ်​ဆိုး​ပြေပီဆိုရင်​လဲ ​နောက်​တခါ စိတ်​ဆိုး​အောင်
မလုပ်​ပါဘူးဆိုတဲ့ ကတိ​ပေးမယ်​၊ ​ပျော်​စရာ 
ကောင်းတဲ့ ချစ်​သူရည်​စား ဘဝ​လေးလဲ ရမယ်​၊

စိတ်​ထဲ​တွေးရင်းနှင့်​ပင်​ စာပွဲ​​ပေါ်ကို လွယ်​အိတ်​ထဲက
စာအုပ်​​လေး တင်​လိုက်​တယ်​၊
ကျွန်​​တော့ရဲ့ ​နေ့စဉ်​ အချိန်​ဇယားအတိုင်း စာပြန်​ကြည့်​ ရမှာ​ပေါ့၊

ကျွန်​​တော့ရဲ့ မျက်​လုံး​တွေက စာကြည့်​​နေ​ပေမဲ့
စိတ်​က Kim Jong Inဆီမှာ၊
တော်​​တော်​ဆွဲနိုင်​တဲ့လူကြီးဗျာ၊

P.R.E.Double.T.Y BoyWhere stories live. Discover now