Part-5(Day-4)

2K 217 10
                                    

P.R.E.Double.T.Y Boy

_________*SEKAI*_______

အိပ်​ယာ​ပေါ်တွင်​ ​ခြေ​ထောက်​​တွေနဲ့ လက်​​တွေကို
ဆန့်​တန့်​လိုက်​ပီး သန်းလိုက်​ကာ ​ခန်းစီးလိုက်​ကာ
တလွင့်​လွင့်​ ​လေးကိုကြည့်​ရင်း မ​နေ့က
Jong Inရဲ့ ဂရုစိုက်​မှု​တွေကို ပြန်​​တွေးလိုက်​တဲ့
Sehun။

ပါးပြင်​ထက်​မှာ အပြုံး​လေး တစ်​ခုကို ဖန်​တီးလိုက်​ရင်း ​စောင်​ကို ဖယ်​လိုက်​ပီး ​ရေချိုးခန်းထဲကို တန်းဝင်
သွားတယ်​။

ရေချိုးပီး ​ကျောင်းအကျီ​လေးကို ဝတ်​ကာ
လွယ်​အိတ်​​လေးကို ယူပီး စာပွဲ​ပေါ်တင်​ထားတဲ့
ဖုန်း​လေးက screenကို ထိကြည့်​လိုက်​​တော့
Phဘက်​ထရီ​လေးက 2%​လောက်​ပဲ ကျန်​​​တော့တယ်​။

"ဟုတ်​သားပဲ မ​နေ့ကမှ မသွင်းမိတာ"
ဟု ​ပြောလိုက်​ပီး ဖုန်း​ကို ​ကျောင်းမယူသွား​တော့ဘဲ
စားပွဲ​ပေါ်​လေးမှာပဲ တင်​ထားလိုက်​​တော့တယ်​။

အခန်းထဲက ထွက်​လာပီး ​​အောက်​ထပ်
ဆင်းလိုက်​​တော့ မီးဖိုခန်းထဲက မနက်​စာ​လေး​တွေက
အသင့်​​စောင့်​ကြို​နေတယ်​။

ထိုင်​ခုံ​လေးကို ဆွဲထုတ်​ပီး မနက်​စာကို ​ကောင်း၂
စား​နေလိုက်​တယ်။

Sehun၏ ​မေ​မေက ​ကျော​လေးကို အသာ​လေးပုတ်​ကာ

"သား​လေး ​နေ​ကောင်းသွားပီလား။ "

Sehunလဲ စားရင်းနှင့်​ "ဟုတ်​"ဟု​ဖြေလိုက်​တယ်​။

"သားကို ​မေ​မေဒီ​နေ့ ထမင်းဘူး​လေး ထည့်​​ပေးလိုက်​မယ်​။ Canteenမှာ သွားစားရင်
မတည့်​တာ​တွေ မစားမိ​အောင်​လို့။"

"ဟုတ်​ကဲ့။ ​သားကို နှစ်​​ယောက်​စာ ထုပ်​​ပေး​နော်​"

"ဟင်​ ဘယ်​သူနဲ့ စားဖို့လဲ။ဒါမှမဟုတ်​ မ​နေ့က
အိမ်​လာတဲ့ ​ကောင်​​လေးနဲ့လား။"

"ဟင်​ ​မေ​မေက ဘယ်​လိုလုပ်​သိတာလဲ"

"​အော်​ မ​နေ့က ​မေ​မေအလုပ်​သွားမယ်​လုပ်​​တော့
အိမ်​​ရှေ့မှာ အဲ့​ကောင်​​လေးကို ​တွေ့တာ။
သူက သားဆီလာတာတဲ့။ ​မေ​မေသူ့ကို ​ပြောလိုက်​ပါတယ်​။ သားက ​နေမ​ကောင်းလို့ အ​ပေါ်ထပ်​က
သူ့အခန်းမှာ နား​နေတယ်​, တက်​သွားလိုက်​လို့
ရပါတယ်​လို့ ​ပြောလိုက်​တာ။"

P.R.E.Double.T.Y BoyWhere stories live. Discover now