P.R.E.Double.T.Y Boy
_______*SEKAI*_______
"အီး..ဟီး...ဖက်လို့ကောင်းလိုက်တာ"
sehunတယောက် မျက်လုံးမဖွင့်သေးဘဲ
ပြုံးတုံးတုံးနဲ့ ပါးစပ်ကနေလဲ ထိုကဲ့သို့ တတွတ်တွတ်
ပြောနေသည်။Sehunထင်နေသည်မှာ ဝက်ဝံရုပ်ကို
ဖက်ထားသည်ဟု ထင်လိမ့်မယ်။
တကယ်တမ်းတော့ ဝက်ဝံရုပ်မဟုတ်
Kim Jong In။Sehunကတော့ သိမယ်မထင်။
Jong Inတယောက် Sehunက သူ့ကို
အတင်းဖက်ထားတော့ အသက်ရှူကြပ်နေပီ။Sehunကတော့ ပြုံးနေစမြဲ။
Jong Inတယောက် Sehunဖက်ထားသည့်
ကြားမှ ညာဘက်လက်ကလေးကို အတင်းဆွဲထုတ်
လိုက်ပီး Sehun လက်မောင်းပေါ်ကို အသာလေး
တင်လိုက်ရင်းJong In:hunလေး ကိုယ့်ကို လွှတ်ပါအုံး
ကိုယ်အသက်ရှူကြပ်လာပီ။ဒင်းလေးကတော့ မနိုး။
#ဟီးဟီး Jong Inကြီးပေးတဲ့ အရုပ်က ဘာလို့
လူစကားတတ်နေတာလဲ။ အိမ်မက်ပဲနေမှာပါ။
အိမ်မက်ဟုတ်မဟုတ် သိရအောင် ငါ့လက်ငါ
ကိုက်ကြည့်မှပဲ။Sehunကတော့ အိမ်မက်ထဲတွင် သူဘာသာပြော
နေသည်။Sehunလဲ သူ့လက်သူကိုက်မယ်ဟု ဆိုပီး
သူ့လက်မောင်းပေါ်က လက်ကို ယူပီး ကိုက်လိုက်တယ်။Jong Inတယောက် အော်ပါလေရော။
အော်သံကြားမှ Sehunတယောက် ငုတ်တုတ်
ထထိုင်လိုက်တယ်။မပွင့်သေးတဲ့ မျက်လုံးနှစ်ဖက်ကို နှုတ်ခမ်းလေးဆူကာ လက်လေးနဲ့ပွတ်ပီး ကြည့်လိုက်တော့
သူနဲ့ သိပ်မရင်းနှီးတဲ့နေရာ။"ဟင် ငါဘယ်ရောက်နေတာလဲ။
ပြန်ပေးဆွဲခံရတာလား။
မေမေရေ သားကိုကယ်ပါအုံး...
သား လူဆိုးတွေ လက်ထဲမှာ"ဆိုပီး Sehunတယောက် ထငိုပါလေရော။
Jong Inလဲ အိပ်နေရာကနေ မြန်မြန်ထပီး
Sehunရဲ့ ပါးစပ်ကို လက်နဲ့အုပ်လိုက်တယ်။